Connect with us

Europe

ဘယ်လ်ဂျီယံနိုင်ငံ၏ ဘီယာပွဲတော်ကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းသွင်း

ဘယ်လ်ဂျီယံနိုင်ငံ၌ ဘီယာပွဲတော်ကျင်းပနေစဉ်(ဓာတ်ပုံ-အင်တာနက်)

ဘရက်ဆဲလ် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)
ဘယ်လ်ဂျီယံနိုင်ငံ၌ ကျင်းပမြဲဖြစ်သော ဘီယာပွဲတော်ကို ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံ နှင့် ယဉ်ကျေးမှု အဖွဲ့ယူနက်စကို(UNESCO) ၏ ယဉ်ကျေးမှုအမွေအနှစ် တစ်ခုအဖြစ် နိုဝင်ဘာလ ၃ဝရက်က စာရင်းသွင်းခဲ့ကြောင်း သိရသည်။

“ ဘယ်လ်ဂျီယံနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ လူမှုအသိုင်းအဝိုင်းဟာ ဘီယာသောက်တဲ့ အလေ့အကျင့်ကို ဘဝရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပြုမူခဲ့ကြတာပါ။ ဘီယာဟာ နေ့စဉ်ဘဝ နေထိုင်မှုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သလို ဘီယာပွဲတော်တွေလည်း မကြာခဏ ကျင်းပလေ့ရှိပါတယ်” ဟု ယူနက်စကို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘယ်လ်ဂျီယံနိုင်ငံတွင် ဘီယာအမျိုးအစားပေါင်း ၁၅ဝဝ ကျော်ရှိကြောင်း၊မတူကွဲပြားသည့် နည်းပညာများဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း ၊ ဘယ်လ်ဂျီယံလူမှုအသိုင်းအဝိုင်းတွင် ဘီယာထုတ်လုပ်သည့်လုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်ပြီး ရရှိလာသောအကျိုးအမြတ်များကို လှူဒါန်းမှုများပြုလုပ်ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ထို့ပြင် ယူနက်စကိုအဖွဲ့သည် ဘယ်လ်ဂျီယံနိုင်ငံ၏ ရိုးရာဘီယာထုတ်လုပ်သည့်အတတ်ပညာ ကျွမ်းကျင်မှုအပိုင်းကို ချီးကျူးဂုဏ်ပြုခဲ့ပြီး ဘီယာလုပ်ငန်းကို အသိအမှတ်ပြုခဲ့ကြောင်း သိရသည်။

ဘယ်လ်ဂျီယံနိုင်ငံဝန်ကြီးချုပ် Charles Michel က ဘယ်လ်ဂျီယံဘီယာ ပွဲတော်ကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းခဲ့သည့် သတင်းအကြောင်းအရာကို ၎င်း၏ တွစ်တာလူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ပြီး “ ဘယ်လ်ဂျီယံလာပြီး ဘီယာမြည်းရအောင်”ဟူ၍ ဖိတ်မန္တက ပြုခဲ့သည်။

တစ်ချိန်တည်းမှာပင် ဘယ်လ်ဂျီယံနိုင်ငံ၏ ဘာသာရပ်ဆိုင်ရာ အသိုင်းအဝန်းသုံးခု ( ဒတ်ချ့်၊ ပြင်သစ် ၊ ဂျာမနီ) ၏ ယဉ်ကျေးမှုဝန်ကြီးများကလည်း ဘာသာစကား သုံးမျိုးဖြင့် ဘီယာပွဲတော် ယူနက်စကိုစာရင်းဝင်ခဲ့သည့် သတင်းကို ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.