Connect with us

Europe

နှစ်ပေါင်း ၁၈၇ ခုနှစ်အတွင်း လန်ဒန် ရဲတပ်ဖွဲ့ ထိပ်တန်း ရာထူး အမျိုးသမီးတစ်ဦးအား ခန့်အပ်

စကော့တလန် ရဲတပ်ဖွဲ့ ရဲမင်းကြီးအဖြစ် ခန့်အပ်ခံရသော Cressida Dick အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လန်ဒန်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

မြို့တော် ရဲတပ်ဖွဲ့၏ ရဲမင်းကြီးသစ်အဖြစ် အမျိုးသမီး ရဲအရာရှိ တစ်ဦးအား ခန့်အပ်မည် ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ ပြည်ထဲရေး ဝန်ကြီး အမ်ဘာရု (Amber Rudd) က ဖေဖော်ဝါရီလ ၂၂ ရက်က ကြေညာလိုက်သည်။

အမျိုးသမီး ရဲအရာရှိ Cressida Dick အား Scotland Yard ခေါ် လန်ဒန် ရဲတပ်ဖွဲ့တွင် ထိပ်တန်း ရာထူးအား ခန့်အပ်လိုက်ခြင်းသည် သမိုင်း တစ်လျှောက် ပထမဆုံး အကြိမ်ဖြစ်ပြီး ဗြိတိန်နိုင်ငံ၏ အကြီးဆုံး ရဲတပ်ဖွဲ့ကို အမျိုးသမီး တစ်ဦးက ဦးဆောင်တော့မည် ဖြစ်သည်။

အရေးပါသော ဗြိတိန် ထိပ်တန်း ရဲအရာရှိ ရာထူးအတွက် ပြည်ထဲရေး ဝန်ကြီး၏ ထောက်ခံချက်ဖြင့် ဘုရင်မကြီး အဲလိဇဘတ် ၂ က Dick အား ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

မြို့တော် ရဲတပ်ဖွဲ့သည် ဗြိတိန်နိုင်ငံတွင် အကြီးဆုံး ရဲတပ်ဖွဲ့ ဖြစ်ပြီး အင်အား ၄၃၀၀၀ ကျော်နှင့် နှစ်စဉ် ဘတ်ဂျက် ပေါင် ၃ ဘီလီယံ (အမေရိကန် ဒေါ်လာ ၃.၇၄ ဒေါ်လာ ဘီလီယံ) ကျော်ရှိကြောင်း သိရသည်။

“Cressida Dick က ထူးခြားတဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်တယ်၊ မြို့တော် ရဲတပ်ဖွဲ့အတွက် ပြတ်သားတဲ့ အမြင်ရှိပြီး လူတန်းစား မျိုးစုံရှိတဲ့ အသိုက်အဝန်းအတွင်းမှာ ဘယ်လို တာဝန် ထမ်းဆောင်ရမလဲဆိုတာကို နားလည်သူ တစ်ယောက်ပါ” ရု က ပြောကြားခဲ့သည်။

ရဲချုပ် တစ်ယောက်အနေဖြင့် အမိန့်ပေးခြင်း၊ ဗြိတိန် စည်းကမ်း ထိန်းသိမ်းမှုတွင် အရေးကြီးဆုံး အလုပ်နှင့် အဆင့်မြင့် ရာထူး ဖြစ်ခြင်း၊ အကြမ်းဖက်မှု သတိပေး မြင့်မားမှုအား လျှော့ချခြင်း၊ လိမ်လည်မှုနှင့် ဆိုက်ဘာ ပြစ်မှု ခြိမ်းခြောက်ခြင်း မြင့်မားနေသည့် အခြေအနေများအား တာဝန်ယူရမည် ဖြစ်သည်။

နှစ်ပေါင်း ၁၈၇ ကြာ သမိုင်းတလျှောက်တွင် Cressida Dick က မြို့တော် ရဲတပ်ဖွဲ့၏ ပထမဆုံး အမျိုးသမီး ရဲမင်းကြီး ဖြစ်လာပြီး ဗြိတိန်နိုင်ငံတွင် အာဏာအရှိဆုံး ရဲအရာရှိ ဖြစ်လာမည် ဖြစ်သည်။ ၎င်းအနေဖြင့် လုပ်သက်ကြာပြီး အတွေ့အကြုံရှိသူ တစ်ဦး ဖြစ်ကြောင်းနှင့် ယခု လုပ်ငန်းစဉ်ကို ကိုင်တွယ်ရန် အရည်အချင်း ပြည့်ဝသူ တစ်ဦး ဖြစ်ကြောင်း လန်ဒန် မြို့တော်ဝန် Sadiq Khan က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.