Connect with us

Europe

ထရမ့်၏ ရာသီဥတုမူဝါဒက ကမ္ဘာကြီးကို သောကြာဂြိုဟ်ဖြစ်သွားနိုင်စေဟု ဟော့ကင်းဆို

ဗြိတိန် ရူပဗေဒပညာရှင် စတီဖင်ဟော့ကင်းအား ၂၀၁၆ ခုနှစ် ဧပြီလ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်၏ ပဲရစ် သဘောတူညီချက်မှ နုတ်ထွက်သည့် ဆုံးဖြတ်ချက်မှာ ကမ္ဘာကြီးအား သောကြာဂြိုဟ်ကဲ့သို့ ပူလောင်သော မှန်လုံအိမ်အဖြစ် ပြောင်းလဲသွားစေမည် ဖြစ်ကြောင်း ဗြိတိန် ရူပဗေဒပညာရှင် စတီဖင်ဟော့ကင်း (Stephen Hawking) က ပြောကြားခဲ့သည်။

စကြဝဠာအတွင်းရှိ အနက်ရောင် တွင်းကြီးများနှင့် ၎င်းတို့၏ ဇစ်မြစ်ကို ထုတ်ဖော်နိုင်သော ၎င်း၏ အယူအဆများအတွက် ကျော်ကြားလာသည့် ဟော့ကင်းက ၎င်း၏ ၇၅ နှစ်ပြည့် မွေးနေ့ ဂုဏ်ပြု အခမ်းအနား၌ ဘီဘီစီနှင့် လတ်တလော ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

ထရမ့်က ဇွန်လ အစောပိုင်းတွင် နိုင်ငံပေါင်း ၁၉၅ နို်င်ငံက ရာသီဥတု ပြောင်းလဲခြင်း တိုက်ဖျက်ရန် ကမ္ဘာလုံးဆိုင်ရာ သဘောတူစာချုပ် ပဲရစ် သဘောတူညီမှုမှ အမေရိကန် နုတ်ထွက်မည်ဟု ဆုံးဖြတ်လိုက်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။ ထိုသို့ အမေရိကန်၏ နုတ်ထွက်မှုသည် ကမ္ဘာတစ်ဝန်း ဝေဖန်စရာ ဖြစ်လာခဲ့သည်။

ကမ္ဘာကြီး ပူနွေးလာမှုက နဂိုအတိုင်း ပြန်မဖြစ်နိုင်တော့မည့် အခြေအနေကို နီးကပ်နေကြောင်း၊ ထရမ့်၏ ဆုံးဖြတ်ချက်သည် ကမ္ဘာကြီးကို အပူချိန် ၂၅၀ ဒီဂရီနှင့် ဆာလဖြူရစ် အက်ဆစ်မိုး ရွာသွန်းနေသည့် သောကြာဂြိုဟ်ကဲ့သို့ ဖြစ်လာစေမည့် ချောက်ကမ်းပါးစွန်းသို့ တွန်းပို့လိုက်ခြင်း ဖြစ်ကြောင်း၊ ဟော့ကင်းက ဘီဘီစီသို့ ပြောသည်။

“ရာသီဥတု ပြောင်းလဲခြင်းဟာ ကျွန်တော်တို့ ရင်ဆိုင်နေရတာတွေထဲကကြီးမားတဲ့ အန္တရာယ် တစ်ခုပါပဲ၊ ကျွန်ုပ်တို့ အခု ပြုပြင်နိုင်မယ်ဆိုရင် ဒါကို ကာကွယ်နိုင်ပါမယ်၊ ဒါပေမဲ့ ရာသီဥတု ပြောင်းလဲခြင်းရဲ့ သက်သေကို ငြင်းပယ်ခြင်း၊ ပဲရစ် ရာသီဥတု သဘောတူညီချက်မှ နုတ်ထွက်ခြင်းတွေကြောင့် ထရမ့်ဟာ လှပတဲ့ ကျွန်တော်တို့ရဲ့ ကမ္ဘာဂြိုဟ် ကြုံတွေ့နေရတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို ရှောင်တိမ်းပြီး မူလကမ္ဘာ၊ ကျွနု်ပ်တို့နဲ့ ကျွန်ုပ်တို့ရဲ့ ကလေးငယ်တွေကို အန္တရာယ် ဖြစ်စေခဲ့တယ်” ဟု ၎င်းက ပြောသည်။

ဟော့ကင်းသည် အာရုံကြော အားနည်းရောဂါရှိသဖြင့် ၎င်း၏ ခန္ဓာကိုယ် လှုပ်ရှားသွားလာမှု မလုပ်ဆောင်နိုင်သလို စကားလည်း ပြောဆိုနိုင်ခြင်း မရှိသူ ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.