Europe
ပြင်သစ်တွင် ဓါးပြများက အလေးချိန် ၇၀ကီလိုဂရမ်ရှိ ယူရို ၂.၅သန်းတန် ရွှေများ လုယူမှုဖြစ်ပွား
ပါရီ၊ ဒီဇင်ဘာ ၁၃ရက် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံ တွင် လက်နက်ကိုင်ဆောင်ထားသည့် အမျိုးသားလေးဦးသည် ရွှေများ တင်ဆောင်လာသည့် သံချပ်ကာဗင်ကားအား တိုက်ခိုက်ခဲ့ပြီး ယူရို ၂.၅သန်း (အမေရိကန်ဒေါ်လာ ၂.၆၅သန်း) တန် ရွှေများအား လုယူသွားခဲ့ကြောင်း ပြည်တွင်းသတင်းဋ္ဌာနက ဒီဇင်ဘာ ၁၂ရက်တွင်ဖော်ပြခဲ့သည်။
ဓါးပြများသည် ပြင်သစ်နိုင်ငံ အရှေ့ပိုင်း Dardilly ဒေသ ရှိ ရွှေသယ်ယူပို့ဆောင်ရေးကားတစ်စီး အား ပစ်မှတ်ထား၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့သည် ကားအား မီးတင်ရှို့ပြီး မထွက်ပြေးခင် လုံခြုံရေးအစောင့် နှစ်ဦးအား ဗင်ကားအတွင်း၌ သော့ခတ်၍ပိတ်ခဲ့ကြောင်း သတင်းတွင်ဖော်ပြခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူမရှိဘဲ ဓါးပြများအား ဖမ်းဆီးနိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)