Connect with us

Europe

ချက်နိုင်ငံတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ကားသူခိုးအား ပစ်သတ်၍ ဖမ်းဆီးခဲ့

ချက်နိုင်ငံ လုံခြုံရေးရဲတပ်ဖွဲ့ဝင်အချို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ချက်၊ ဒီဇင်ဘာ ၁၄ရက် (ဆင်ဟွာ)

ချက်နိုင်ငံ Vyskov မြို့ ပတ်ဝန်းကျင်တွင် ဒီဇင်ဘာ ၁၂ရက်နေ့လည်ပိုင်းက ရဲတပ်ဖွဲ့ဝင်များသည် ခိုးယူလာသော ကားအားမောင်းနှင်လာသည့် အမျိုးသားတစ်ဦးကို လိုက်လံဖမ်းဆီးရာ ရပ်တန့်ခြင်းမရှိခဲ့၍ ၎င်းအား ပစ်သတ်၍ ဖမ်းဆီးခဲ့ရကြောင်း ချက်နိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Stepanka Komarova က ဒီဇင်ဘာ ၁၃ရက်တွင်ပြောကြားခဲ့သည်။

Komarova က ကားမောင်းသူ သည် ရဲတပ်ဖွဲ့၏ ရပ်တန့်ရန် အသိပေးချက်အား တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိဘဲ ၎င်း၏ကားဖြင့် ရဲတပ်ဖွဲ့ဝင်များအား လိုက်တိုက်ကာ ခြိမ်းခြောက်ခဲ့ကြောင်း နှင့် ရဲတပ်ဖွဲ့ဝင်များက ၎င်းအားတားဆီးရန် အစွမ်းကုန်ကြိုးစားခဲ့ကြောင်း ပြောကြားခဲ့သည်။

Komarova၏ပြောကြားချက်အရ ကားမောင်းသူသည် ဒဏ်ရာများကြောင့် အခင်းဖြစ်ပွားရာ၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။

တရားခံအနေဖြင့် အရက် (သို့) မူးယစ်ဆေးဝါး တစ်မျိုးမျိုး သုံးစွဲထားခြင်းရှိ၊မရှိ ရင်ခွဲရုံ၌ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က အဆိုပါအမျိုးသားသည် ယခင်ပြစ်မှုမှတ်တမ်းဟောင်းများရှိနေ၍ ၎င်းအား ရဲတပ်ဖွဲ့က သိရှိကြကြောင်း ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များ လက်နက်အသုံးပြုခဲ့သည့် ကိစ္စရပ်များအားလုံးကို ချက်နိုင်ငံ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များဆိုင်ရာ အထွေထွေ စုံစမ်းစစ်ဆေးမှု အဖွဲ့ (GIBS) ကသာ တာဝန်ယူစစ်ဆေးမှုများပြုလုပ်ခဲ့သောကြောင့် ယခု ကိစ္စကိုလည်း ၎င်းအဖွဲ့က စစ်ဆေးသွားမည်ဖြစ်ကြောင်း Komarova ကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.