Connect with us

Europe

ပြင်သစ်၌စက်ရုံမီးလောင်မှုကြောင့် လူ ၂ဦးသေဆုံး

ပြင်သစ်နိုင်ငံ Dieppe မြို့ တွင် စက်ရုံတစ်ရုံ မီးလောင်နေစဉ် (ဓါတ်ပုံ-အင်တာနက်)

ပါရီ၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်း Dieppe မြို့ ရှိ စက်ရုံတစ်ရုံတွင် ဖေဖော်ဝါရီ ၁၇ရက် က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၂ဦးသေဆုံးခဲ့ကြောင်း ဒေသခံအာဏာပိုင်များကပြောကြားခဲ့သည်။

မီးလောင်မှုကြောင့် ထိတ်လန့်ခဲ့သည့် လူ ၂ဦးကို Dieppe ဆေးရုံ ရှိ စိတ်ပညာဆိုင်ရာဋ္ဌာနသို့ ပို့ဆောင်ပေးခဲ့ပြီး မီးလောင်မှုကြောင့် သေဆုံးခဲ့သူ ၂ဦးနှင့် အခြား၂ဦးစလုံးသည် ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှု ကုမ္ပဏီ မှ အလုပ်သမားများဖြစ်ကြောင်း Dieppeမြို့ တာဝန်ရှိသူတစ်ဦးဖြစ်သူ Jehan-Eric Winckler က BFMTV ရုပ်သံလိုင်းသို့ ပြောကြားခဲ့သည်။

ပြင်သစ် စိုက်ပျိုးရေးဆိုင်ရာစီးပွားရေးအုပ်စု တစ်ခုဖြစ်သည့် Saipol အုပ်စု ၏ စက်ရုံတွင် ဒေသစံတော်ချိန် နေ့လည် ၁၁း၀၀နာရီ ခန့်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယခုအခါ မီးလောင်မှုအား ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။အစောပိုင်း သတင်းဖော်ပြချက်များအရ မီးလောင်မှုကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးပြီး အခြားလူတစ်ဦး ပျောက်ဆုံးနေကြောင်း နှင့် မီးလောင်မှုသည် သိုလှောင်ကန်တစ်ခု ပေါက်ကွဲရာမှ ဖြစ်နိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.