Connect with us

Europe

ပြင်သစ် အရှေ့ပိုင်းတွင် လေယာဉ်ငယ်တစ်စီး ပျက်ကျ၍ လူ ၃ဦးသေဆုံး

ပြင်သစ်နိုင်ငံ တွင် ယခင်က ပျက်ကျခဲ့သည့် လေယာဉ်ငယ်တစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ပါရီ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ အရှေ့ပိုင်း ဂျူရာမြို့တွင် လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့ရာ လူ ၃ဦးသေဆုံးကြောင်း ပြည်တွင်း မီဒီယာတစ်ခုက ဖေဖော်ဝါရီ ၁၈ ရက်တွင်ဖော်ပြခဲ့သည်။

အဆိုပါ လေယာဉ်သည် ပါရီမြို့ ဆင်ခြေဖုံးနေရာမှ အရှေ့ပိုင်း Annemasse ဒေသသို့ ပျံသန်းလာစဉ် ဖေဖော်ဝါရီ ၁၈ ရက် ဒေသစံတော်ချိန် ၁ရး၀၀နာရီတွင် ပျက်ကျခဲ့ရာ လေယာဉ်ပေါ်တွင် လိုက်ပါလာသူအားလုံး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူများမှာ ပြင်သစ်နိုင်ငံသား ဇနီးမောင်နှံ ၂ဦး နှင့် ၁၀နှစ်အရွယ် ကလေးတစ်ဦးတို့ဖြစ်ကြောင်း သတင်းအရ သိရသည်။

လေယာဉ်မှူး၏ မှားယွင်းမှု (သို့) စက်ချို့ယွင်းမှု ကြောင့် လေယာဉ်ပျက်ကျရခြင်းဖြစ်ကြောင်းကို မသိရှိရသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.