Connect with us

Europe

ပြင်သစ် နိုင်ငံ မာဆေးလ်မြို့ ၌ ဓားဖြင့် တိုက်ခိုက်မှု ဖြစ်ပွားရာ ၃ ဦး သေဆုံး

ပြင်သစ် နိုင်ငံ မာဆေးလ်မြို့ ၌ ဖြစ်ပွား ခဲ့သည့် ဓားဖြင့် တိုက်ခိုက်မှု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပဲရစ် ၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

ပြင်သစ် နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက် အရ အောက်တိုဘာ ၁ ရက်နေ့၌ ပြင်သစ် နိုင်ငံ မာဆေးလ်မြို့ (Marseille) ရှိ ဘူတာရုံ တစ်ခုတွင် ဓားဖြင့် တိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့ရာ တိုက်ခိုက်သူ အပါအဝင် လူ ၃ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။

သတင်းဖော်ပြချက်များတွင် တိုက်ခိုက်မှု သည် ဒေသစံတော်ချိန် အောက်တိုဘာ ၁ ရက်နေ့ နေ့လယ် ၁ နာရီ ၄၅ မိနစ်တွင် ဖြစ်ပွားခဲ့ပြီး အစွန်းရောက် တစ်ဦး က ဘာသာရေး ဆောင်ပုဒ်များကို ဟစ်ကြွေး၍ တိုက်ခိုက်ခဲ့ကြောင်း ၊ တိုက်ခိုက်သူ သည် ဘူတာရုံ အတွင်းရှိ လူများ ကို ဓားဖြင့် တိုက်ခိုက်ခဲ့သောကြောင့် ၂ ဦး သေဆုံးခဲ့ရပြီး ၎င်း မှာလည်း ပြစ်သစ် ရဲတပ်ဖွဲ့ ၏ ပစ်ခတ်မှု ကြောင့် သေဆုံး ခဲ့ရကြောင်း ဖော်ပြထားသည်။

အခင်းဖြစ်ပွားရာ နေရာရှိ မျက်မြင်သက်သေ တစ်ဦး က လက်ရှိချိန်တွင် အခင်းဖြစ်ပွားရာ ဘူတာရုံ ကို ရဲတပ်ဖွဲ့က ပိတ်ဆို့ထားပြီး ခရီးသည်များကိုလည်း အနီးပတ်ဝန်းကျင် သို့ထွက်ခွာသွားစေကြောင်း ၊ ဘူတာရုံ လုပ်ငန်းစဉ် မှာလည်း အနည်းငယ် အနှောင့်အယှက် ဖြစ်စေခဲ့ကြောင်း ပြောကြား ခဲ့သည်။

လက်ရှိချိန်တွင် ပြင်သစ် နိုင်ငံ ရဲတပ်ဖွဲ့ နှင့် အကြမ်းဖက် နှိမ်နင်းရေး တပ်ဖွဲ့ တို့သည် တိုက်ခိုက်မှု နှင့် ပတ်သက်၍ စတင် စုံစမ်းစစ်ဆေးမှု များ ဆောင်ရွက်နေပြီး အကြမ်းဖက် တိုက်ခိုက်မှု ဟုတ်မဟုတ် ကို စစ်ဆေးနေကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.