Connect with us

Europe

နယ်စပ်ဖြတ်ကျော် တရားမဝင် ဝင်ရောက်လာသူ ၂၅ဝဝ ကျော်ကို တူရကီဖမ်းဆီး

တူရကီနိုင်ငံသို့ ဝင်ရောက်ရန် စောင့်ဆိုင်းနေသည့် ဂရိနိုင်ငံ Lesbos ကျွန်းပေါ်ရှိ ဒုက္ခသည်များအား ၂ဝ၁၆ ခုနှစ်ဧပြီလတွင် တွေ့ ရစဉ်(ဆင်ဟွာ)

အန်ကာရာ ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

တူရကီနိုင်ငံလုံခြုံရေးတပ်ဖွဲ့ဝင်များက နိုင်ငံအတွင်းသို့နယ်စပ်ဖြတ်ကျော်တရားမဝင် ဝင်ရောက်လာသူပေါင်း ၂၅၅၃ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း တူရကီစစ်တပ်က စက်တင်ဘာ ၃ဝ ရက်တွင် ပြောကြားခဲ့သည်။

တူရကီနိုင်ငံစစ်ဦးစီးချုပ်ရုံးမှ ထုတ်ပြန်သော ကြေညာချက်ထဲတွင် နယ်စပ်ခြံစည်းရိုးကို ကျော်ဖြတ်၍ တူရကီနိုင်ငံအတွင်းသို့ခိုးဝင်ရန် ကြိုးပမ်းခဲ့သည့် ဆီးရီးယားနိုင်ငံမှ ၂၄၈၈ ဦး ၊ ဂရိနိုင်ငံမှ ၂ ဦး နှင့် အီရတ်နိုင်ငံမှ တစ်ဦးကို စက်တင်ဘာလ ၂၉ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် တူရကီနယ်ခြားစောင့်တပ်သည် ဂရိနိုင်ငံထဲသို့တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းသည့် အခြားလူပေါင်း ၆၁ ဦး နှင့် ဆီးရီးယားနိုင်ငံထဲသို့ဝင်ရောက်ရန်ကြိုးပမ်းခဲ့သည့် အခြား လူ တစ်ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ကြေညာချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

ဖမ်းဆီးခံထားရသူများသည် မည်သည့်နိုင်ငံသားများဖြစ်ကြောင်းကိုမူ အသေးစိတ်ဖော်ပြထားခြင်း မရှိပေ။ တူရကီနိုင်ငံသည် ပြီးခဲ့သော လပိုင်းများတွင် နယ်စပ်လုံခြုံရေးကို တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး ဆီးရီးယား နှင့် အီရန် နိုင်ငံများအား နယ်စပ်မျဉ်းတစ်လျှောက် ခြံစည်းရိုး ကာရံခဲ့ကြောင်း နှင့် တရားမဝင်မှောင်ခိုမှု နှင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုကို တားဆီးရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117