Connect with us

Europe

ပြင်သစ် နိုင်ငံ ရှိ ကစားကွင်း တစ်ခု တွင် စက်ချို့ယွင်း၍ မတော်တဆမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၁ ဦး သေဆုံး ၄ ဦး ဒဏ်ရာရရှိ

ပြင်သစ် နိုင်ငံ ရှိ ကစားကွင်း တစ်ခု တွင် စက်ချို့ယွင်း၍ မတော်တဆမှု ဖြစ်ပွား ခဲ့သည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပဲရစ် ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

ပြင်သစ် နိုင်ငံ Auvergne-Rhône-Alpes ဒေသ အစိုးရ က မတ်လ ၃၁ ရက်နေ့ ၌ ထုတ်ပြန် ခဲ့သည့် သတင်းကြေညာချက်အရ Rhône ပြည်နယ် Neuville-sur-Saône မြို့ ရှိ အပန်းဖြေ ကစားကွင်း တစ်ခု တွင် စက်ချို့ယွင်း၍ မတော်တဆမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၁ ဦး သေဆုံး ခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရသည်။

သတင်းထုတ်ပြန်ချက်တွင် အခင်းဖြစ်ပွားမှု ကြောင့် အသက် ၄၀ အရွယ် အမျိုးသား တစ်ဦး သေဆုံး ခဲ့ပြီး ဒဏ်ရာရရှိသူ ၄ ဦး အနက် ကလေးငယ် တစ်ဦး ၏ ဒဏ်ရာရရှိမှု အခြေအနေ မှာ စိုးရိမ်ဖွယ် ရှိကြောင်း ပါဝင် ခဲ့သည်။

Neuville-sur-Saône မြို့တော်ဝန် က မီဒီယာ ၏ မေးမြန်းမှု ကို ဖြေကြားရာတွင် အခင်းဖြစ်ပွား စဉ် ကစားကွင်း အတွင်းရှိ စက်သည် အရှိန်အမြင့်ဆုံးဖြင့် လည်ပတ်နေပြီး စက်လက်ယန်း တစ်ခု ပြုတ်ထွက်သွားသဖြင့် လူတစ်ဦး လွင့်စင် သွားကာ မြေပြင်သို့ ကျရောက်ရာတွင် သေဆုံး ခဲ့ကြောင်း ပြောကြား ခဲ့သည်။သတင်းဖော်ပြချက်များအရ အခင်းဖြစ်ပွားပြီးနောက် ကစားကွင်းအား ပိတ်သိမ်း ထားခဲ့ပြီး သက်ဆိုင်ရာ ဌာန များ အနေဖြင့်လည်း အခင်းဖြစ်ပွား ရခြင်း နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.