Connect with us

Europe

ရုရှားအစိုးရကနိုင်ငံ ၂၃ နိုင်ငံမှ သံတမန်များအားနှင်ထုတ်

စိန့်ပီတာစဘတ်မြို့ရှိ အမေရိကန်ပြည်ထောင်စုကောင်စစ်ဝန်ရုံးရှေ့တွင် မတ်လ ၃၀ ရက် ကရုရှားရဲတပ်ဖွဲ့ဝင်တစ်ဦးစောင့်ကြပ်နေစဉ်(ဆင်ဟွာ)

မော်စကို၊မတ်လ ၃၁ (ဆင်ဟွာ)

အမေရိကန်နိုင်ငံနှင့်အနောက်အုပ်စုဝင်နိုင်ငံအစိုးရများ၏မကြာမီကရုရှားနိုင်ငံအပေါ်ရန်လိုသည့်အရေး ယ ူဆောင်ရွက်မှုများအား တုံ့ပြန်သည့်အနေဖြင့် ရုရှားနိုင်ငံအစိုးရက နိုင်ငံတွင်း တာဝန်ထမ်းဆောင်နေ သည့်အဆိုပါနိုင်ငံ ၂၃ နိုင်ငံမှ သံအမတ်များကို နှင်ထုတ်ကြောင်း မတ်လ ၃၀ ရက်က ရုရှားအစိုးရ နိုင်ငံ ခြားရေးဝန်ကြီးဌာနက ကြေညာခဲ့ပါသည်။

မတ်လ ၄ရက်တွင်ဗြိတိန်နိုင်ငံ ဆာလီဗျူရီ မြို့၌ယခင်ရုရှား၏နှစ်ဖက်ချွန်သူလျှိူ စကရီပယ်လ်(Skripal) နှင့်သမီးဖြစ်သူတို့၏် အဆိပ်သင့်သေဆုံးခဲ့မှု၌ ရုရှားနိုင်ငံက ပါဝင်ပတ်သက်မှုရှိသည်ဟုစွပ်စွဲကာ နိုင်ငံ ၂၄ နိုင်ငံကျော်ကမတ်လဆန်းပိုင်းတွင်ရုရှားသံတမန်ဝန်ထမ်း ၁၅၀ခန့်အားပြည်နှင်ဒဏ်ပေးခဲ့ကြသည်။

ကြေညာချက်အရ ရုရှားနိုင်ငံက တုံ့ပြန်ပြည်နှင်ဒဏ် ပေးသည့် သံတမန် ဝန်ထမ်းများမှာ သြစတြေးလျ နိုင်ငံ၊အယ်လ်ဘေးနီးယားနိုင်ငံ၊ဂျာမနီနိုင်ငံ၊ဒိန်းမတ်နိုင်ငံ၊အိုင်ယာလန်နိုင်ငံ၊စပိန်နိုင်ငံ၊အီတလီနိုင်ငံ၊ကနေဒါနိုင်ငံ၊လတ်ဗီးယားနိုင်ငံ၊လစ်သူရေးနီးယားနိုင်ငံ၊မက်စီဒိုးနီးယားနိုင်ငံ၊မော်လ်ဒိုဗါနိုင်ငံ၊နယ်သာလန်နိုင်ငံ၊နော်ဝေနိုင်ငံ၊ပိုလန်နိုင်ငံ၊ရိုမေးနီးယားနိုင်ငံ၊ယူကရိန်းနိုင်ငံ၊ဖင်လန်နိုင်ငံ၊ပြင်သစ်နိုင်ငံ၊ ခရိုအေးရှား နိုင်ငံ၊ချက်သမ္မတနိုင်ငံ၊ ဆွီဒင်နိုင်ငံနှင့် အက်စတိုနီးယားနိုင်ငံတို့မှဖြစ်ကြကြောင်းသိရသည်။ထို့ပြင်နိုင်ငံ ခြားရေးဝန်ကြီးဌာနက ဘယ်လ်ဂျီယံနိုင်ငံ၊ဟန်ဂေရီနိုင်ငံ၊ဂျော်ဂျီယာနိုင်ငံ နှင့် မွန်တီနီဂရိုးနိုင်ငံတို့သည် လည်းနောက်ဆုံးအချိန်တွင် အထက်ပါနိုင်ငံများနှင့် ပးူပေါင်းရန်ဆုံးဖြတ်ချက်ချခဲ့၍ ၎င်းတို့ကိုလည်းအ ရေးယူသွားရန်စဉ်းစားထားကြောင်း ပြောခဲ့သည်။

သီးခြားကြေညာချက်တစ်ရပ်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ကဗြိတိန်သံအမတ်ကိုလည်းဆင့်ခေါ် ကာ ရုရှားရှိဗြိတိန်သံတမန်အရေအတွက်ကို ဗြိတိန်တွင်ရှိသော ရုရှားသံတမန်အရေအတွက်နှင့်အညီ တစ်လအတွင်းလျှော့ချသွားရန်ပြောကြားခဲ့ကြောင်းဖေါ်ပြခဲ့သည်။

ထို့ပြင်ရုရှားနိုင်ငံအစိုးရက အမေရိကန်သံတမန် ၆၀ ကိုနှင်ထုတ်ကြောင်းနှင့်စိန့်ပီတာစဘတ်မြို့ရှိအမေ ရိကန်နိုင်ငံ၏ကောင်စစ်ဝန်ရုံးကိုလည်းပိတ်လိုက်ကြောင်း မတ်လ ၂၉ ရက်ကကြေညာခဲ့သေးသည်။

ရုရှားနိုင်ငံနှင့် အနောက်အုပ်စုနိုင်ငံများ၏ အပြန်အလှန်သံတမန်နှင်ထုတ်မှုများက နှစ်ဖက်ဆက်ဆံရေး ကိုဆိုးဝါးလာစေလျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.