Europe
ပြင်သစ် သမ္မတဟောင်း ဆာကိုဇီ ၂၀၁၇ ခုနှစ် သမ္မတ ရွေးကောက်ပွဲ ဝင်မည် ဖြစ်ကြောင်း ပြောကြား
ပဲရစ်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)
ပြင်သစ် သမ္မတဟောင်း နီကိုးလပ်စ် ဆာကိုဇီ (Nicolas Sarkozy) သည် လာမည့်နှစ် သမ္မတ ရွေးကောက်ပွဲဝင် မည် ဖြစ်ကြောင်း သြဂုတ်လ ၂၁ ရက်က ကြေညာလိုက်သည်။
“၂၀၁၇ ခုနှစ် သမ္မတ ရွေးကောက်ပွဲဝင်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါပြီ၊ ကျွန်တော်တို့ သမိုင်းမှ ခက်ခဲတဲ့အချိန် အတွင်း ဒီပြိုင်ပွဲကို ကောင်းမွန်စွာ ဦးဆောင်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ဆာကိုဇီက ၎င်း၏ တွစ်တာအကောင့်တွင် ရေးသားထားသည်။
အသက် ၆၁ နှစ်အရွယ် သမ္မတဟောင်း ဆာကိုဇီသည် ၂၀၁၂ ခုနှစ်က ၎င်း၏ သမ္မတ ဒုတိယ သက်တမ်း အတွက် ယှဉ်ပြိုင်ရာတွင် ဆိုရှယ်လစ် ခေါင်းဆောင် ဖရန်ဆွာ အော်လန်းဒီအား ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။ (Xinhua)