Connect with us

Europe

ဓါးကိုင်အမျိုးသမီး တစ်ဦး၏ တိုက်ခိုက်မှုကြောင့် ဘရပ်ဆဲလ်တွင် သုံးဦးဒဏ်ရာရရှိ

ဘရပ်ဆဲလ်မြို့ ရှိ ဘယ်လ်ဂျီယံ အထူးရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘရပ်ဆဲလ်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် သြဂုတ် ၂၂ ရက် နေ့လည်ပိုင်းက ဓါးတစ်လက်ကိုင်ဆောင်ထားသည့် အမျိုးသမီး၏ တိုက်ခိုက်မှုကြောင့် လူ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးကပြောကြားခဲ့သည်။

အဆိုပါ အမျိုးသမီးသည် ဘရပ်ဆဲလ်မြို့ Uccle စည်ပင်သာယာနယ်မြေရှိ အမှတ် ၃၈ ဘတ်စ်ကား ဂိတ်ပေါက်၌ ဒေသစံတော်ချိန် ညနေ ၄း၃၀ နာရီတွင် လူသုံးဦးအား ဓါးဖြင့်ထိုးခဲ့ခြင်းဖြစ်ပြီး ၎င်းအား ရဲတပ်ဖွဲ့က ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဘယ်လ်ဂျီယံ အသံလွှင့်ဋ္ဌာန RTBF ၏ ထုတ်လွှင့်ချက်အရ ယင်းအမျိုးသမီးသည် စိတ်ပိုင်းဆိုင်ရာ ဝေဒနာ တစ်မျိုးခံစားနေရကြောင်း သိရသည်။
ကနဦး စုံစမ်းစစ်ဆေးမှုများအရ အဆိုပါ တိုက်ခိုက်မှုသည် အကြမ်းဖက်မှုလုပ်ငန်း နှင့် ဆက်စပ်မှုမရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.