Connect with us

Europe

ပြင်သစ် အလယ်ပိုင်းတွင် လေယာဉ်ပျက်ကျမှုကြောင့် လူ ၃ဦးသေဆုံး

ပြင်သစ်နိုင်ငံတွင် ယခင်ကပျက်ကျခဲ့သည့် လေယာဉ်တစ်စင်းအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ပါရီ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ အလယ်ပိုင်း Mazoires မြို့ တွင် သြဂုတ် ၆ ရက် က ခရီးသွားလာရေးဆိုင်ရာ လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ ကလေးငယ်တစ်ဦး အပါအဝင် လူ ၃ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းစာတစ်ခုကဖော်ပြခဲ့သည်။

အဆိုပါ လေယာဉ်သည် Issoudun လေယာဉ်ကွင်းမှ ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း ရှိ Aveyron မြို့သို့ ပျံသန်းလာခြင်းဖြစ်ပြီး ဒေသစံတော်ချိန် နံနက် ၁၂း၃၀နာရီတွင် ပျက်ကျခဲ့ကြောင်း La Montagne သတင်းစာက ဖော်ပြခဲ့သည်။လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသားတစ်ဦး နှင့် အမျိုးသမီး ၂ဦး အပါအဝင် ခရီးသည် ၃ဦး သေဆုံးခဲ့ကြောင်း သတင်း၌ဖော်ပြခဲ့သည်။လေယာဉ်ပျက်ကျမှုသည် လေယာဉ်မှူး၏ မှားယွင်းမှု (သို့) စက်ပိုင်းဆိုင်ရာ ပြဿနာ တစ်ခုခုတွင် မည်သည့်အတွက်ကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်ကို မသိရှိသေးကြောင်း သိရသည်။ယင်းဖြစ်ရပ်၏ အကြောင်းရင်းမှန်ကို သိရှိရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.