Connect with us

Europe

အီတလီနိုင်ငံ ဘိုလော့နာမြို့ပတ်လမ်းပေါ်တွင် ဆီသယ်ယာဉ် ပေါက်ကွဲမှုကြောင့် လူ ၂ ဦးသေဆုံး၊ အများအပြားဒဏ်ရာရရှိ

အီတလီနိုင်ငံ ဘိုလော့နာမြို့ပတ် အဝေးပြေး မိုးပျံလမ်းမပေါ်တွင် ဆီသယ်ယာဉ်တစ်စီး ပေါက်ကွဲမှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရောမ၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

အီတလီနိုင်ငံ ဘိုလော့နာမြို့ပတ် အဝေးပြေး မိုးပျံလမ်းမပေါ်တွင် ဆီသယ်ယာဉ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွားမှုကြောင့် သေဆုံးသူ ၂ ဦးရှိပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ANSA သတင်းအေဂျင်စီ ၏ သြဂုတ် ၆ ရက် သတင်းဖော်ပြချက်အရ သိရသည်။

ပေါက်ကွဲမှုမှ လွင့်စင်လာသည့် မှန်စများနှင့် အပျက်အစီးများကြောင့် ထိခိုက်ဒဏ်ရာနှင့် မီးလောင်ဒဏ်ရာ ရရှိသူ ၆၇ ဦးခန့်ရှိကြောင်း၊ ယင်းအနက် ၂ ဦးမှာ စိုးရိမ်ဖွယ်အခြေအနေ ရှိကြောင်း ဘိုလော့နာပြည်နယ်မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

၎င်းက လူ ၂ ဦးသေဆုံးသည်ကို အတည်ပြုထားခြင်း မရှိသော်လည်းဘဲ ဆီတင်ယာဉ်ထရပ်ကားတစ်စီး ဘိုလော့နာမြို့ ပြင်ပ Borgo Panigale ရပ်ကွက်အနီး မြို့ပတ်လမ်း ပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပြီး ပေါက်ကွဲခဲ့မှုဖြစ်ပွားခဲ့ခြင်းကိုမူ အတည်ပြုပေးခဲ့သည်။ထို့နောက် အနီးဝန်းကျင်ရှိ မော်တော်ကားများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ပြီးနောက် ပေါက်ကွဲမှုများစွာ ဖြစ်ပွားခဲ့သည်။La Repubblica paper ၏ ဖော်ပြချက်အရ အဆိုပါ ထရပ်ကားသည် မီးလောင်လွယ်သော ပစ္စည်းများကို သယ်ဆောင်လာပြီး ယာဉ်တိုက်မှုဖြစ်ကာ အခုလို မီးလောင်ကျွမ်းရခြင်းဖြစ်နိုင်ကြောင်း သိရသည်။ “မီးတောက်တွေနဲ့ မီးခိုးလုံးတွေကို မြို့လယ်ကနေတောင် လှမ်းမြင်ရတယ်” ဟု ရေးသားထားသည်။ မီးသတ်ရဟတ်ယာဉ် တစ်စင်းက မီးငြှိမ်းသတ်ရန် ရေများကို အနီးရှိ မြစ်အတွင်းမှ သယ်ယူရန်ကြိုးစားနေကြောင်း La Repubblica paper သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.