Connect with us

Europe

ဗြိတိန်တွင် ခြိမ်းခြောက်မှုအဆင့်ကို ပြင်းထန်အဆင့်မှ အလွန်အရေးကြီးသော အဆင့်အထိ တိုးမြှင့်

မန်ချက်စတာမြို့ တိုက်ခိုက်မှုအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ပန်းစည်းချနေသူ အမျိုးသား တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ မေ ၂၄ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ၏ အကြမ်းဖက်မှု ခြိမ်းခြောက်ရေးအဆင့်အား ပြင်းထန်အဆင့်မှ အလွန်အရေးကြီးသော အဆင့်သို့ တိုးမြှင့်လိုက်ကြောင်း ဗြိတိန် ဝန်ကြီးချုပ် ထရီဆာမေက မေလ ၂၃ ရက်တွင် ကြေညာလိုက်သည်။

လုံခြုံရေးအဆင့်မြှင့်တင်လိုက်ခြင်းအရ လက်နက်ကိုင်အဖွဲ့များအား ဗြိတိန်တစ်ခွင်၌ တပ်ဖြန့်ထားမည် ဖြစ်သည်။

ဘောလုံးပွဲများနှင့် ဖျော်ဖြေပွဲများကဲ့သို့သော အများပြည်သူဆိုင်ရာ အစီအစဉ်များတွင်ပါ လက်နက်ကိုင် တပ်ဖွဲ့ဝင်များအား မြင်တွေ့ရမည် ဖြစ်ကြောင်း မေက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.