Connect with us

Europe

ဖိလစ်ပိုင် သမ္မတ ဒူတာတေးက လက်နက်ထောက်ပံ့ပေးရန် ရုရှားအားတောင်းဆို

ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီကို ဒူတာတေး အားတွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ မေ ၂၄ ရက် (ဆင်ဟွာ)

ဖလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီကို ဒူတာတေး က ဖိလစ်ပိုင်နိုင်ငံ အတွင်းရှိ IS စစ်သွေးကြွများအား တိုက်ခိုက်ရန် အတွက် လက်နက်များ ထောက်ပံ့ပေးရန် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင် အား တောင်းဆိုခဲ့ကြောင်း သိရသည်။

“ဖိလစ်ပိုင်နိုင်ငံဟာ IS စစ်သွေးကြွတွေကို တိုက်ခိုက်ဖို့ ခေတ်မီလက်နက်တွေလိုအပ်နေပါတယ်။ အမေရိကန်နိုင်ငံ ကနေ လက်နက်မှာယူမှု တစ်ချို့ရှိပေမယ့် အခြေအနေက စိတ်ကျေနပ်စရာမကောင်းပါဘူး။ မော်စကိုမြို့ကို လာရောက်ရခြင်းဟာ ရုရှားရဲ့ အကူအညီနဲ့ အထောက်အပံ့ကို တောင်းခံဖို့ဖြစ်ပါတယ်” ဟု ပူတင် နှင့် တွေ့ဆုံခဲ့သည့် မေလ ၂၃ ရက်ဆွေးနွေးပွဲ၌ ဒူတာတေး၏ ပြောကြားချက်ကို ကိုးကား၍ ကရင်မလင် က ဖော်ပြခဲ့သည်။

ဒူတာတေးက ရုရှားနိုင်ငံသည် ယုံကြည်စိတ်ချရသော မိတ်ဖက်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး ဆက်လက်တည်တံ့နေစေရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

ပူတင်က ရုရှား နှင့် ဖိလစ်ပိုင် တို့တွင် စွမ်းအင်ဆိုင်ရာ အင်ဂျင်နီယာကိစ္စရပ်များ၊ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု နှင့် ပို့ဆောင်ရေးအခြေခံအဆောက်အအုံများ အပါအဝင် နှစ်နိုင်ငံ ပူးပေါင်း လုပ်ဆောင်မည့် စီမံကိန်းများစွာ ရှိကြောင်း ပြောကြားခဲ့သည်။

ဒူတာတေးသည် ရုရှားနိုင်ငံသို့ မေလ ၂၃ ရက်နေ့က ရောက်ရှိလာခဲ့ပြီး လေးရက်ကြာနေထိုင်သွားရန် စီစဉ်ခဲ့သော်လည်း ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအို ဒေသတွင် တိုက်ခိုက်မှုများဖြစ်ပေါ်လာ၍ သတ်မှတ်ရက်မတိုင်ခင် ဖိလစ်ပိုင်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်သည်။

ပူတင်က ဖိလစ်ပိုင် ပြည်တွင်း ပဋိပက္ခအား ဆုံးရှုံးမှု အနည်းဆုံးဖြင့် ဖြေရှင်းနိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

ဒူတာတေး၏ ကိုယ်စားလှယ်အဖွဲ့သည် မော်စကိုမြို့၌ မေလ ၂၄ ရက်တွင် ကျန်ရစ်နေခဲ့ပြီး နှစ်နိုင်ငံ သဘောတူညီချက်များကို လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း ပြည်တွင်း သတင်းများကဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.