Connect with us

Europe

မန်ချက်စတာ ကဇာတ်ရုံ အသေခံဗုံးခွဲသမား အမည်အား ရဲတပ်ဖွဲ့ ဖော်ထုတ်

မန်ချက်စတာ ကဇာတ်ရုံ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ မေ ၂၄ ရက် (ဆင်ဟွာ)

မန်ချက်စကာ ကဇာတ်ရုံ တွင် လူအများအပြား သေဆုံးစေခဲ့သော အသေခံဗုံးခွဲသမား၏ အမည်မှာ ဆော်လမန် အဘီဒီ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က မေ ၂၃ရက် နှောင်းပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

အသက် ၂၂ နှစ် အရွယ် အဘီဒီ သည် မေလ ၂၂ ရက် ညပိုင်းတွင် မန်ချက်စတာကဇတ်ရုံ ၌ ပြုလုပ်ခဲ့သည့် ဖျော်ဖြေပွဲအပြီး ရာပေါင်းများစွာသော ပရိသတ်များ အပြင်သို့ ထွက်လာစဉ် အသေခံဗုံးဖောက်ခွဲခဲ့ပြီးနောက် သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းပေါက်ကွဲမှုကြောင့် အရွယ်ရောက်ပြီးသူ နှင့် ကလေးငယ် စုစုပေါင်း ၂၂ဦးသေဆုံးခဲ့ကာ အခြားလူ ၅၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မန်ချက်စတာမြို့ ရဲအရာရှိ လန်ဟော့ကင်းစ် က တရားခံ၏ နေရပ်လိပ်စာ အပါအဝင် ၎င်း နှင့် ပတ်သက်သည့် အခြားအသေးစိတ်အချက်အလက်များကို ထုတ်ပြန်ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။

သို့သော် ဟော့ကင်းစ် က စုံစမ်းစစ်ဆေးမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် မန်ချက်စတာမြို့၌ အသက် ၂၃နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးထားကြောင်း နှင့် မြို့အတွင်းရှိ နေအိမ် နှစ်အိမ်ကိုလည်း ဝင်ရောက်ရှာဖွေခဲ့ကြောင်း ပြောကြားခဲ့သည်။

ဟော့ကင်းစ် က မန်ချက်စတာမြို့လယ်ခေါင် ဧရိယာအတွင်း မေလ ၂၂ ရက်နေ့ ဒေသစံတော်ချိန် ည ၈း၀၀ နာရီ မှ ၁၁း၀၀ နာရီအတွင်း ကားကင်မရာများမှ မှတ်တမ်းတင်ရိုက်ကူးထားသော မည်သည့် ဗွီဒီယိုဖိုင်မဆို ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးရန် ကားမောင်းသူများအား မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.