Europe
ဗြိတိန် ရှေးဟောင်းပြတိုက်ရှိ အီဂျစ် မံမီများ သြစတြေးလျ သွားမည်
ဆစ်ဒနီ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)
ဗြိတိန်နိုင်ငံရှိ ရှေးဟောင်း အီဂျစ် မံမီ ခြောက်ခုသည် သြစတြေးလျနိုင်ငံသို့ လာရောက်ပြသမည် ဖြစ်ကြောင်း သြစတြေးလျနိုင်ငံ နယူးဆောက်ဝေး ပြည်နယ် (NSW) အစိုးရက ဇွန်လ ၂၈ ရက်၌ ကြေညာလိုက်သည်။
ဗြိတိန်နိုင်ငံရှိ အဆိုပါ မံမီများသည် သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ပြုလုပ်မည့် Egyptian Mummies: Exploring Ancient Lives” ပြပွဲ၌ ပြသသွားမည် ဖြစ်သည်။
ယင်း ပြပွဲတွင် အီဂျစ်နိုင်ငံ ပြင်ပတွင် အကြီးဆုံးနှင့် အပြည့်စုံဆုံး မံမီစုစည်းမှု ဖြစ်သည့် ဗြိတိန်နိုင်ငံ ပြတိုက်၏ Egyption Collection မှ ပစ္စည်းများအား ပြသသွားမည် ဖြစ်ကြောင်း၊ အီဂျစ်တွင် လွန်ခဲ့သော နှစ်ပေါင်း ၁၈၀၀ မှ ၃၀၀၀ ကြား အသက်ရှင်ခဲ့၊ သေဆုံးခဲ့သော မံမီ ၆ ခုနှင့်အတူ သမိုင်းကြောင်းရှိ ချမ်းသာ ကြွယ်ဝသည့် ကာလက ဈာပန အခမ်းအ နားနှင့် နေ့စဉ်ဘဝများ အပါအဝင် အကြောင်းအရာ ၂၀၀ နီးပါး စုစည်း ကာ ခင်းကျင်းပြသမည် ဖြစ်ကြောင်း နယူးဆောက်သ်ဝေး ပြည်နယ် ယဉ်ကျေး မှု ဝန်ကြီး Troy Grant က ပြောသည်။
ထို့ပြင် နယူးဆောက်သ်ဝေး ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး Suart Ayres ကလည်း ယင်းပြပွဲ သည် ဆစ်ဒနီသို့ လာရောက်မည့် ပြည်ပ ခရီးသွားများအတွက် အဓိက ဆွဲဆောင်မှု တစ်ခုလည်း ဖြစ်ကြောင်း ၊ အီဂျစ် မံမီများအနေဖြင့် ပထမဆုံးအကြိမ် သြစတြေးလျသို့ လာရောက်ခြင်း ဖြစ်သလို မံမီများအကြောင်း လေ့လာလိုသော ခရီးသွား ဧည့်သည်များအတွက် ရည်မှန်းချက် အသစ် ဖြစ်လာစေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ထို ပြပွဲအား ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်မှ ၂၀၁၇ ခုနှစ် ဧပြီလ ၃၀ ရက်အထိ ပြသသွားမည် ဖြစ်ပြီး ညအိပ် ခရီးသွားဧည့်သည်များ အနေဖြင့် သြစတြေးလျ ဒေါ်လာ ၃ သန်း (အမေရိကန်ဒေါ်လာ ၂.၂၂ သန်း) သုံးစွဲကြမည်ဟု မျှော်လင့်ထားသည်။ (Xinhua)