Connect with us

Europe

ဗြိတိန်ဝန်ကြီးချုပ်သစ် ခန့်အပ်ပွဲ သတ်မှတ်ချိန်ထက် တစ်ပတ် နောက်ဆုတ်၍ စက်တင်ဘာလ ၉ ရက်တွင် ပြုလုပ်မည်

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းအား တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

လက်ရှိ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၏ ဝန်ကြီးချုပ်ရာထူး ဆက်ခံမည့်သူအား မူလ သတ်မှတ်ချိန်ထက် တစ်ပတ်နောက်ကျ၍ စက်တင်ဘာလ ၉ ရက်တွင် ထုတ်ဖော် ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။

ကွန်ဆာဗေးဒစ် ပါတီက ကင်မရွန်း၏ ဝန်ကြီးချုပ် ရာထူး ဆက်ခံမည့်သူအား စက်တင်ဘာလ ၂ ရက်တွင် ကြေညာသင့်ကြောင်း ဇွန်လ ၂၇ ရက်တွင် ပြောကြားခဲ့သော်လည်း ပါတီ၏ ဘုတ်အဖွဲ့ဝင်များက ဆုံးဖြတ်ချက်ချရန် အတွက် အပိုထပ်ဆောင်း တစ်ပတ်လိုအပ်ကြောင်း ဇွန်လ ၂၈ ရက်တွင် အကြံပြု ပြောဆိုခဲ့ကြသည်။
ဘုတ်အဖွဲ့ နှင့် ၁၉၂၂ ကော်မတီသည် ဝန်ကြီးချုပ် ရွေးချယ်ပွဲအား လက်တွေ့ကျကျ စဉ်းစားဆုံးဖြတ်ကာ အလျင်အမြန် လုပ်ဆောင်ရန် သဘောတူခဲ့ကြောင်း ဘုတ်အဖွဲ့က ထုတ်ပြန်ချက် တစ်ခုတွင် ပြောကြားခဲ့သည်။
နာမည်စာရင်း တင်သွင်းမှုအား ဇွန်လ ၂၉ ရက်တွင် စတင် လုပ်ဆောင်မည် ဖြစ်ပြီး ဇွန်လ ၃၀ ရက် နေ့လည်ပိုင်းတွင် ပြီးဆုံးမည် ဖြစ်ကြောင်း သိရသည်။
အကယ်၍ ဘုတ်အဖွဲ့၏ စက်တင်ဘာလ ၉ ရက်တွင် ဝန်ကြီးချုပ် အသစ် ခန့်အပ်ရန် အကြံပေးချက်ကို ၁၉၂၂ ကော်မတီက အတည်ပြုလိုက်ပါက နာမည်စာရင်း တင်သွင်းမှုများအား ဇွန်လ ၂၉ ရက် အစည်းအဝေး အပြီးတွင် အသိပေးမည်ဖြစ်ကြောင်း ပြည်တွင်းမီဒီယာ တစ်ခုက ဖော်ပြခဲ့သည်။
နာမည်စာရင်း တင်သွင်းမှု အတွက် ဖြစ်နိုင်ခြေ ရှိသူများတွင် Boris Johnson၊ Theresa May၊ John Baron၊ Nicky Morgan နှင့် Jeremy Hunt တို့ပါဝင်မည် ဖြစ်ကြောင်း ပြည်တွင်းမီဒီယာ တစ်ခုက ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂမှ ဗြိတိန် ခွဲထွက်သင့်၊ မသင့် လူထုဆန္ဒ ခံယူပွဲတွင် ခွဲထွက်ရေး ဘက်က ၅၂ ရာခိုင်နှုန်းဖြင့် အနိုင် ရရှိခဲ့ပြီးနောက် ကင်မရွန်းသည် ဇွန်လ ၂၄ ရက်တွင် တာဝန်မှ နှုတ်ထွက်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.