Europe
ဘက်ကင်ဟမ် နန်းတော်၌ ဗြိတိန် ဘုရင်မ အဲလိဇဘက်နှင့် အစည်းအဝေးပြီးနောက် ထရီဆာမေ ဝန်ကြီးချုပ် ဖြစ်လာ
လန်ဒန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)
ဘက်ကင်ဟမ် နန်းတော်၌ ဗြိတိန် ဘုရင်မကြီး အဲလိဇဘက်နှင့်အတူ လူပရိသတ်အား သက်သေပြုပြီးနောက် ပြည်ထဲရေး ဝန်ကြီး ထရီဆာမေ (Theresa May) သည် ဗြိတိန်နိုင်ငံ၏ ၁၃ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
များစွာသော လူအုပ်ကြီးသည် နန်းတော်ရှေ့၌ စုဝေး ရောက်ရှိနေခဲ့ပြီး ဝန်ကြီးချုပ်၏ အာဏာလွှဲပြောင်းမှုအား လာရောက်ကြည့်ရှုခဲ့ကြသည်။ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဒေးဗစ် ကင်မရွန်းသည် ၎င်း၏ ဇနီး၊ သားသမီးများ နှင့်အတူ နုတ်ထွက်စာအား ဘုရင်မကြီးထံသို့ ပေးအပ်ခဲ့သည်။ ကင်မရွန်းသည် ဥရောပ သမဂ္ဂမှ ဗြိတိန် နုတ်ထွက်မှု ဆန္ဒမဲပေးပွဲ၌ ထွက်ခွာမည့်ဘက်မှ ၅၂- ၄၈ မဲရာခိုင်နှုန်းဖြင့် အနိုင်ရရှိပြီးနောက် ရာထူးမှ နုတ်ထွက်မည် ဖြစ်ကြောင်း ဇွန်လ ၂၄ ရက်က ကြေညာခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း ကင်မရွန်းအနေဖြင့် အမှတ် ၁၀ ဒေါင်းနင်းလမ်း နေအိမ်၌ စက်တင်ဘာလအထိ တာဝန် ထမ်းဆောင်ရန် မျှော်မှန်းထားခဲ့သော်လည်း ဝန်ကြီးချုပ်သစ် ရွေးချယ်ပွဲမှ ပြိုင်ဘက် စွမ်းအင်ဝန်ကြီး အန်ဒရီ လစ်ဆန် နုတ်ထွက်ခဲ့ပြီးနောက် ယခုလို မြန်ဆန်ခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ်သစ်အဖြစ် တရားဝင် ခန့်အပ်ပြီးနောက် ထရီဆာမေသည် အမှတ် ၁၀၊ ဒေါင်းနင်းလမ်းအား ဦးဆောင်မည် ဖြစ်ပြီး အစိုးရအဖွဲ့အား ရွေးချယ်ကာ ဇူလိုင်လ ၁၃ ရက်နေ့ နှင့် ၁၄ ရက်နေ့များ၌ တာဝန်ပေး ခန့်အပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)