Connect with us

Europe

ဘယ်လာရုစ် နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လေယာဉ် နှစ်စီး တိုက်မိ

Minsk အမျိုးသားလေဆိပ် တိုက်မိခဲ့သည့် လေယာဉ် နှစ်စီး အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘယ်လာရုစ်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

ဘယ်လာရုစ်နိုင်ငံ ရှိ Minsk အမျိုးသား လေဆိပ်တွင် ဇူလိုင်လ ၁၃ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကုန်တင်လေယာဉ် တစ်စီးနှင့် ခရီးသည်တင် လေယာဉ်တစ်စီး တိုက်မိခဲ့ကြောင်းနှင့် ဒဏ်ရာ ရရှိသူမရှိကြောင်း အမျိုးသား လေကြောင်းလိုင်း Belavia က ပြောကြားခဲ့သည်။

မတော်တဆ တိုက်မိမှု ဖြစ်ပွားခဲ့သည့် လေယာဉ် နှစ်စီးအား Belarusian Belavia လေကြောင်းလိုင်းနှင့် Ruby Star Air Carrier ကုမ္ပဏီမှ အသီးသီး ပိုင်ဆိုင်ကြပြီး မတော်တဆမှု ဖြစ်ပွားချိန်၌ လေယာဉ်ပေါ်၌ ခရီးသည်များ လိုက်ပါလာခြင်း မရှိကြောင်း သိရသည်။
Minsk အမျိုးသားလေဆိပ်တွင် ထိုကဲ့သို့ ရာသီဥတု ဆိုးရွားမှုကြောင့် လေယာဉ် ၂ စီး တိုက်မိခြင်း၊ လေယာဉ်ငယ် တစ်စီး လေပြင်းကြောင့် လိမ့်၍ အစိတ်စိတ် အမွှာမွှာ ပျက်စီးခဲ့ခြင်းနှင့် လေယာဉ် ၅ စီးတွင် ထိခိုက်မှု အသေးစား များရရှိခဲ့ခြင်းတို့ အပါအဝင် စုစုပေါင်း လေယာဉ် ၈ စီးတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း ပြောကြား ခဲ့သည်။
ယခုအခါ လေဆိပ်တွင် လုပ်ငန်းများ ပုံမှန်လည်ပတ် နေပြီ ဖြစ်ကြောင်းနှင့် လေဆိပ် ပရဝဏ်အတွင်း လေပြင်း တိုက်ခက်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပွားခဲ့သော်လည်း လူထိခိုက်မှု မရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.