Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
မက်ဆီဒိုးနီးယားတွင် ခရီးသွား ဘတ်စ်ကား တိမ်းမှောက်၊ အမျိုးသမီး ၁ ဦးသေဆုံး၊ ၃၀ ဦးနီးပါး ဒဏ်ရာရ - Xinhua News Agency
Connect with us

Europe

မက်ဆီဒိုးနီးယားတွင် ခရီးသွား ဘတ်စ်ကား တိမ်းမှောက်၊ အမျိုးသမီး ၁ ဦးသေဆုံး၊ ၃၀ ဦးနီးပါး ဒဏ်ရာရ

မက်ဆီိဒိုးနီးယားနိုင်ငံအတွင်း ပြေးဆွဲနေသည့် ခရီးသွားဧည့်သည်တင် ဘတ်စ်ကားအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

စကိုးပီးယား၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

မက်ဆီဒိုးနီးယားနိုင်ငံ ဗီးလ်လက်စ်မြို့အနီးရှိ အဝေးပြေးလမ်းပေါ်တွင် ပြည်ပခရီးသွားဧည့်သည်များ တင်ဆောင်လာသည့် ဘတ်စ်ကား တစ်စီး သြဂုတ်လ ၂၀ ရက် ညပိုင်းက တိမ်းမှောက်သွားရာ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး အခြားခရီးသည် ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဘတ်စ်ကားသည် မက်ဆီဒိုးနီးယားနိုင်ငံ မြို့တော် စကိုးပီးယားမှ ခရီးသည်များဖြစ်ပြီး ဂရိတွင် အားလပ်ရက် ခရီးသွားရာမှ ပြန်လာကြသူများဖြစ်သည်။ဘတ်စ်ကား တိုက်မိရသည့် အကြောင်းအရင်းကိုမူ မသိရသေးပေ။ဒဏ်ရာအများအပြား ရရှိခဲ့သည့် ခရီးသည်များအကြား အသက် ၉ နှစ်အရွယ် ယောကျ်ားလေး တစ်ဦးမှာ လက်မောင်း ကျိုးသွားခဲ့ကြောင်း မက်ဆီဒိုးနီးယား ကျန်းမာရေး ဝန်ကြီးဋ္ဌာနက ပြောကြားခဲ့သည်။စကိုးပီးယားသို့ သွားရာ အဝေးပြေးလမ်းမကြီးသည် မက်ဆီဒိုးနီးယားအား ဖြတ်သန်းသွားသည့် အဓိက လမ်းကြောင်း တစ်ခုဖြစ်ပြီး အခင်း ဖြစ်ပွားစဉ်တွင် အဆိုပါ လမ်းအား ပိတ်ထားခဲ့ကြောင်း သိရသည်။ယင်း အဝေးပြေးလမ်းမကြီးမှာ နွေရာသီ အားလပ်ရက်များအတွင်း ဂရိသို့ အသွား အပြန် သွားရောက်ကြသည့် အဓိက လမ်းကြောင်းလည်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.