Connect with us

Europe

ဂျာမနီနိုင်ငံ အနောက်မြောက်ပိုင်းတွင် ဘတ်စ်ကားမတော်တဆမှုကြောင့် လူ ၄၄ဦးဒဏ်ရာရရှိ

ဂျာမနီနိုင်ငံ အနောက်မြောက်ပိုင်းတွင် တိမ်းမှောက်ခဲ့သည့် ဘတ်စ်ကားအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘာလင်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ အနောက်မြောက်ပိုင်း လိုးဝါး ဆာဇိုနီပြည်နယ် တွင် သြဂုတ် ၂၃ ရက်က အလုပ်သမားများအပြည့် တင်ဆောင်လာသော ဘတ်စ်ကားတစ်စီး ညာဘက်သို့ တိမ်းမှောက်ခဲ့ရာ စုစုပေါင်းလူ ၄၄ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၆ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း သိရသည်။

ဘတ်စ်ကားမောင်းသူ သည် Bohmte မြို့ ရှိ အတွင်း ပတ်မောင်းနေစဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းမီဒီယာ Osnabruecker Zeitung ကဖော်ပြခဲ့သည်။ အဆိုပါ ဘတ်စ်ကားသည် လူဦးရေ ၅၀ခန့်သယ်ဆောင်လာပြီး အများစုမှာ စတော်ဘယ်ရီသီးများ ရိတ်သိမ်းရန် ငှားရမ်းထားသည့် ရိုမေးနီးယားအမျိုးသမီးများဖြစ်ကြောင်း သိရသည်။

ကယ်ဆယ်ရေးများ ဆောင်ရွက်နိုင်ရန် အခင်းဖြစ်ပွားရာသို့ ရဲဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ နှင့် ကယ်ဆယ်ရေးယာဉ်များ၊ ရဟတ်ယာဉ်များ စေလွှတ်ပေးခဲ့ကြောင်း သိရသည်။

B51 လမ်းမအား လက်ရှိတွင် ပိတ်ထားသဖြင့် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပွားနေပြီး လမ်းလွှဲမှသွားလာနိုင်ရန် ဆောင်ရွက်ပေးနေကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်အရသိရသည်။

ယင်းသို့ ယာဉ်လမ်းကြောင်း ထိန်းချုပ်ထားမှုအား ညနေ ၄နာရီခန့်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.