Connect with us

Europe

မန်ယူအသင်းတွင် ပေါ့ဘာ ဆက်ကစားလိုကြောင်း နည်းပြဆိုးလ်ရှားပြော

မန်ချက်စတာယူနိုက်တက်အသင်း ကွင်းလယ်ကစားသမား ပေါ့ဘာ အားတွေ့ ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ ဧပြီ ၂ ရက်(ဆင်ဟွာ)

မန်ချက်စတာယူနိုက်တက်အသင်း နည်းပြ အိုလီဂန်နာဆိုးလ်ရှား(Ole Gunnar Solskjaer) က အသင်း၏ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာ သည် ရီးယဲလ်မက်ဒရစ်အသင်းသို့ပြောင်းရွှေ့ဖွယ်ရှိကြောင်း မကြာသေးမီက ထွက်ပေါ်ခဲ့သော ကောလာဟလနှင့်ပတ်သက်၍ ပေါ့ဘာ အနေဖြင့် မန်ယူအသင်းကို စွန့်ခွာသွားမည်မဟုတ်ကြောင်း ၎င်းအား ကတိပေးခဲ့သည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။

ပြီးခဲ့သော ရက်သတ္တပတ်တွင် ပေါ့ဘာက ရီးယဲမက်ဒရစ်အသင်းသည် “ ကစားသမားတိုင်းအတွက် စိတ်ကူးယဉ်စရာ အသင်းတစ်သင်း ” ဟူ၍ ပြောဆိုခဲ့သည်။

ရီးယဲလ်နည်းပြ ဇီဒန်းကလည်း အကယ်၍ မန်ယူအသင်းမှ ထွက်ခွာရန် ပေါ့ဘာ ဆုံးဖြတ်ခဲ့ပါက ရီးယဲလ်အသင်းအနေဖြင့် ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း ဝန်ခံပြောဆိုခဲ့သဖြင့် ပေါ့ဘာ၏ အနာဂတ်နှင့်ပတ်သက်၍ ပြီးခဲ့သော ရက်သတ္တပတ်တွင် အကြိတ်အနယ်ဖြစ်ခဲ့ရသည်။

ရီးယဲလ်အသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် စပိန်လာလီဂါ နှင့် ချန်ပီယံလိဂ်ပြိုင်ပွဲ နှစ်မျိုး စလုံးတွင် စိတ်ပျက်ဖွယ် ရလဒ်များထွက်ပေါ်ခဲ့ပြီးနောက် အသင်းအား ပြန်လည် တည်ဆောက်ရန်ရှိနေရာ နည်းပြဇီဒန်းအနေဖြင့် ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် ငွေကြေးအမြောက်အမြားအသုံးပြုသွားမည်ဟု မျှော်လင့်ရသည်။

မက်ဒရစ်အသင်းသည် ယခင်ကလည်း မန်ယူကစားသမားများဖြစ်သော ဒေးဗစ်ဘက်ဟမ်း နှင့် ခရစ်စတီယာနိုရော်နယ်ဒို တို့ကို ငွေကြေးအမြောက်အမြားသုံး၍ ခေါ်ယူခဲ့ဖူးသည်။ သို့သော် ဆိုးလ်ရှားကမူ မန်ယူအသင်း၏ ဈေးအကြီးဆုံး ကစားသမားတစ်ဦးဖြစ်သူ ပေါ့ဘာနှင့်ပတ်သက်၍ စိုးရိမ်စိတ်မရှိကြောင်း ပြောကြားခဲ့သည်။

“ အဲဒါက ကျွန်တော့်အတွက် စိုးရိမ်စရာမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်အစီအစဉ်က ထိုင်ပြီးတော့ ပေါ့ဘာနဲ့စကားပြောဆွေးနွေးဖို့ပါပဲ” ဟု ဆိုးလ်ရှားက ဧပြီ ၁ ရက်တွင်ပြောကြားခဲ့သည်။

“ ကျွန်တော် ပေါ့ဘာနဲ့စကားကောင်းကောင်းပြောပြီးပြီ။ အဆင်ပြေပါတယ်။ သူဒီမှာ ဆက်ပြီးအကောင်းဆုံးကစားသွားမယ်။ ဘာကြောင့်လဲဆိုတော့ သူ့ကို ကစားသမားတစ်ယောက်အနေနဲ့ရော လူသားတစ်ယောက်အနေနဲ့ပါ အရမ်း လိုအပ်နေတယ်ဆိုတာ သူသိတယ်။ သူဟာ ကျွန်တော်တို့အတွက် သိပ်ကို အရေးပါတယ်။ ဒါကြောင့် ဘာပြဿနာမှ မရှိပါဘူး။ သူဒီမှာ ပျော်နေပါတယ်” ဟု ဆိုးလ်ရှားက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.