Connect with us

Europe

ရုရှားအရာရှိဟောင်းတစ်ဦးအား IS တို့ နှင့် ပူးပေါင်းခဲ့မှုဖြင့် ထောင်ဒဏ် ၁၉နှစ်ချမှတ်

IS တို့ နှင့် ပူးပေါင်းခဲ့သည့် ရုရှားအရာရှိဟောင်း Denis Khisamov အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မော်စကို၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိဟောင်းတစ်ဦးဖြစ်သည့် Denis Khisamov အား IS စစ်သွေးကြွအုပ်စု၏ အကြမ်းဖက် လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့မှုဖြင့် ထောင်ဒဏ် ၁၉နှစ်ချမှတ်ခဲ့ကြောင်း Rostov-on-Dov မြို့ ရှိ ရုရှားနိုင်ငံမြောက်ပိုင်း Caucasusခရိုင်စစ်ခုံရုံးက ဧပြီ ၂ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

စစ်ခုံရုံးသည် Khisamov ၏ လွတ်လပ်ခွင့်ကို နောက်ထပ်တစ်နှစ်ထပ်မံ တားမြစ်တင်းကျပ်ခဲ့ပြီး စစ်တပ်တွင် ဗိုလ်ကြီး အဆင့် ရာထူးမှလည်း ၎င်းကို ထုတ်ပယ်ခဲ့ကြောင်း Tass သတင်းဌာနက ဖော်ပြခဲ့သည်။

စစ်ခုံရုံး၏ ထုတ်ပြန်ချက်အရ Khisamov သည် ဆီးရီးယားရှိ IS စစ်သွေးကြွတို့၏ စစ်စခန်းတစ်ခုတွင် လေ့ကျင့်သင်ကြားခဲ့ပြီး လက်နက်ကိုင်တိုက်ပွဲများတွင် ပါဝင်ခဲ့ကြောင်း၊ ဆီရီးယားပဋိပက္ခနှင့် သက်ဆိုင်သော အဖွဲ့အားလုံးကို စောင့်ကြည့်ခြင်း နှင့် အထောက်အပံ့စုဆောင်းရေးစသည့် အလုပ်များကိုလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Tass ၏ဖော်ပြချက်အရ Khisamov သည် ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ဌာနခွဲတစ်ခုမှ ဗိုလ်ကြီးအဆင့်ဖြင့် ၂၀၀၉ ခုနှစ်တွင် နုတ်ထွက်ခဲ့ပြီး ဆီးရီးယားနိုင်ငံ၌ အကြမ်းဖက်လုပ်ငန်းလုပ်ဆောင်ခဲ့ပြီးနောက် တူရကီနိုင်ငံတွင် ၂၀၁၇ခုနှစ် က ဖမ်းဆီးခံရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.