Europe
မော်ရင်ဟိုအား အသင်းမှ ထွက်ခွာခွင့်ပြုကြောင်း မန်ယူအသင်းကြေညာ

မန်ချက်စတာ၊ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ)
မန်ချက်စတာယူနိုက်တက်အသင်းက နည်းပြ မော်ရင်ဟိုအား အသင်းမှထွက်ခွာခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
မော်ရင်ဟိုအနေဖြင့် အသင်းတွင်ရှိစဉ်ကာလအတွင်း အကောင်းဆုံး လုပ်ဆောင်ခဲ့ကြောင်း နှင့် ၎င်း၏အနာဂတ်အောင်မြင်စေရန် မန်ယူအသင်းက ဆုတောင်းပေးပါကြောင်း မန်ယူအသင်း၏ တွစ်တာလူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။(Xinhua)