Connect with us

Europe

ပေါ်တူဂီတွင် ဆေးကုသရေး ရဟတ်ယာဉ်ပျက်ကျရာ လူ ၄ဦးသေဆုံး

ပေါ်တူဂီနိုင်ငံတွင် ယခင်က ပျက်ကျခဲ့သည့် ဆေးကုသရေးရဟတ်ယာဉ် တစ်စင်းအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လစ္စဘွန်း၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ပေါ်တူဂီနိုင်ငံ မြောက်ပိုင်း တွင် ဒီဇင်ဘာ ၁၅ရက် နှောင်းပိုင်းက အရေးပေါ်ဆေးကုသရေးရဟတ်ယာဉ် တစ်စင်း ပျက်ကျခဲ့ရာ လူ ၅ဦးသေဆုံးကြောင်း ပေါ်တူဂီ Lusa သတင်းဌာနက ဒီဇင်ဘာ ၁၆ ရက်တွင်ပြောကြားခဲ့သည်။

အမျိုးသားအရေးပေါ်ဆေးကုသရေး အဖွဲ့ က ယင်း ရဟတ်ယာဉ်သည် ပျောက်ဆုံးသွားပြီး ပေါ်တူဂီနိုင်ငံ ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ပေါ်တိုမြို့အနီးရှိ Valongo မြို့တွင် ပျက်ကျနေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာသည့် လူ ၄ဦးစလုံးသေဆုံးခဲ့ကြောင်း ဒီဇင်ဘာ ၁၆ရက် အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

သေဆုံးသူများအနက် ၂ဦးမှာ ရဟတ်ယာဉ်မှူးများဖြစ်ပြီး ကျန်၂ဦးမှာ ဆရာဝန်တစ်ဦး နှင့် သူနာပြုတစ်ဦးဖြစ်ကြောင်း သိရသည်။

ရဟတ်ယာဉ်သည် ရာသီဥတုဆိုးရွားနေသည့် ဒီဇင်ဘာ ၁၅ရက်တွင် အလွန်အမင်းနေမကောင်းဖြစ်နေသော လူနာတစ်ဦးအား ပေါ်တိုမြို့ရှိ ဆေးရုံသို့ လိုက်လံပို့ဆောင်ပြီးနောက် စခန်းသို့ ပြန်လည်ပျံသန်းလာစဉ် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဟတ်ယာဉ်ပျက်ကျရခြင်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.