Connect with us

Europe

ရာထူးမှဆင်းပေးရန် မဲခွဲဆုံးဖြတ်မှုအရ ပီရူးနိုင်ငံ သမ္မတ ရာထူးမှနုတ်ထွက်ကြောင်း ကြေညာ

ပီရူးနိုင်ငံ သမ္မတ Pedro Pablo Kuczynski အား တွေ့ရစဉ် (ဆင်ဟွာ)

လီမာ၊ မတ် ၂၂ (ဆင်ဟွာ)

ပီရူးနိုင်ငံ သမ္မတ Pedro Pablo Kuczynski သည် ၎င်းအား လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်ပြီး ရာထူးမှ ဆင်းပေးရန် မဲခွဲဆုံးဖြတ်မှုအရ ရာထူးမှနုတ်ထွက်ကြောင်း မတ်လ ၂၁ ရက်က ရုပ်မြင်သံကြား မိန့်ခွန်းမှတစ်ဆင့် နိုင်ငံသို့ ကြေညာခဲ့သည်။

၎င်း၏ မိန့်ခွန်းတွင် Kuczynski က အခြေခံဥပဒေအတိုင်း စနစ်တကျ အာဏာလွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Kuczynski က သမ္မတ ရာထူးမှ နုတ်ထွက်ကြောင်းစာအား မတ်လ ၂၁ ရက်က လွှတ်တော်သို့ ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်း မီဒီယာက ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.