Connect with us

Europe

ရုရှားနိုင်ငံ မြောက်ပိုင်းတွင် ဓါတ်ငွေ့ ပမာဏ ၁၀ဘီလီယံ ကုဗမီတာ ရှိသော ဓါတ်ငွေ့သိုက်ကြီးတစ်ခု ရှာဖွေတွေ့ရှိ

ရုရှားနိုင်ငံရှိ ရေနံ နှင့် ဓါတ်ငွေ့တူးဖော်ရေး လုပ်ငန်းခွင်တစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

စိန့်ပီတာဘာ့ခ်၊ မတ် ၂၂ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ မြောက်ပိုင်း Komi ဒေသတွင် သဘာဝဓါတ်ငွေ့ ပမာဏ ၁၀.၃၁၉ဘီလီယံ ကုဗမီတာ ရှိသော Levogrubeyuskoye ဓါတ်ငွေ့သိုက်သစ်တစ်ခု ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

Komi ဒေသတွင် ဘူမိဗေဒ ရှာဖွေရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသော Timan-Pechora ဓါတ်ငွေ့ကုမ္ပဏီ က Levogrubeyuskoye လုပ်ကွက်၌ ၂၀၁၈ခုနှစ်တွင် ဓါတ်ငွေ့တူးဖော်ခြင်း ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ စီမံကိန်း အတွက် ရုရှားငွေ ရူဘယ် ၆၀ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ဘီလီယံ ကျော်) ရင်းနှီးမြှုပ်နှံရန် ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)