Connect with us

Europe

ရုရှားတွင် ဓါတ်ငွေ့ပေါက်ကွဲမှုကြောင့် လူ ၂ဦးသေဆုံး၊ ၄ဦး ဒဏ်ရာရရှိ

ရုရှားတွင် ဓါတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေအိမ်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

စိန့်ပီတာဘာ့ခ်၊ မတ် ၂၁ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ မြောက်ပိုင်း Murmansk မြို့ ရှိ ငါးထပ်တိုက် အဆောက်အအုံတွင် ဓါတ်ငွေ့ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၂ဦးသေဆုံးပြီး အခြားလူ ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

TASS သတင်းဋ္ဌာနက ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် ၁၆း၅၅နာရီတွင် ဖြစ်ပွားခဲ့ရာ နံရံအစိတ်အပိုင်းတစ်ခု နှင့် ခေါင်မိုး အစိတ်အပိုင်းတစ်ခု ပြိုကျခဲ့ပြီး ယင်းအဆောက်အအုံ၏ အလွှာ ၃လွှာ ပျက်စီးခဲ့ကြောင်း ဖော်ပြခဲ့သည်။

ဒေသခံတစ်ဦးဖြစ်သူ Roman က “ဆိုင်ထဲမှာ ရှိနေတဲ့အချိန် အသံကျယ်ကြီး တစ်ခုကို ကြားခဲ့ပြီး နံရံတွေ စတင်လှုပ်ခါလာပါတယ်။ မိနစ်ပိုင်းအတွင်း ကယ်ဆယ်ရေးသမားတွေရောက်လာပါတယ်” ဟု TASS သတင်းဋ္ဌာနက သို့ပြောကြားခဲ့သည်။

ကယ်ဆယ်ရေး လုပ်ငန်းများတွင် လူပေါင်း ၃၉၀ဦးကျော် ထောက်ပံ့ရေး ပစ္စည်းကိရိယာ ၉၀ကျော် ပါဝင်ခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.