Connect with us

Europe

ရုရှားက အမေရိကန်သံတမန် ၁၀ ဦးကို တစ်လအတွင်း နိုင်ငံမှ ထွက်ခွာရန် နှင်ထုတ်

ရုရှားနိုင်ငံမော်စကိုမြို့ရှိ အမေရိကန်သံရုံးဝင်းအတွင်း အမေရိကန်အလံလွှင့်ထူထားသည်ကို ဧပြီ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ဧပြီ ၂၂ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ အမေရိကန်သံရုံးမှ သံရုံးဝန်ထမ်း ၁၀ ဦးကို အပြန်အလှန် လက်တုံ့ပြန်သည့်အနေဖြင့် လာမည့် မေလ ၂၁ ရက် နောက်ဆုံးထား၍ နိုင်ငံမှ ထွက်ခွာသွားရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၁ ရက်တွင် အကြောင်းကြားစာ ပေးပို့ခဲ့သည်။

အဆိုပါ အကြောင်းကြားစာကို အမေရိကန်သံရုံး ဒုတိယအကြီးအကဲ Bartle Gorman ထံ လိပ်မူပေးပို့ခဲ့ကြောင်း နှင့် ယင်းသံရုံးဝန်ထမ်းများမှာ လက်ခံကြိုဆိုရန်မထိုက်တန်သူများ “persona non grata” အဖြစ် ကြေညာကြောင်း အသိပေးချက်ကိုလည်း အဆိုပါသံရုံးဒုတိယအကြီးအကဲထံ ပေးပို့ခဲ့သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ ရုရှားသံရုံးမှ ဝန်ထမ်းများ နှင့် နယူးယောက်မြို့ရှိ ရုရှားကောင်စစ်ဝန်ရုံးမှ ဝန်ထမ်းများကို အတင်းအကျပ် နှင်ထုတ်ခဲ့သည့် “ ကြောင်းကျိုးဆီလျော်မှုမရှိသော” လုပ်ရက်အပေါ် “အလင်းပြန်-ကြည့်မှန်”ကဲ့သို့ အသွားအပြန် တန်ပြန်စေခြင်းအလို့ငှာ ယခုကဲ့သို့ ရုရှားရှိ အမေရိကန်သံတမန်များကို နှင်ထုတ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရုရှားနိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ “တရားမဝင်” ဒဏ်ခတ်ပိတ်ဆို့မှုများကို လက်တုံ့ပြန်ရန်အတွက် ဧပြီ ၁၆ရက်တွင် ကြေညာထားသည့်အတိုင်း မကြာမီကာလအတွင်း တန်ပြန်လုပ်ဆောင်မှုများစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက အခိုင်အမာဆိုခဲ့သည်။

အမေရိကန်သံတမန် ၁၀ ဦး နှင်ထုတ်ခြင်း နှင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ နှင့် ယခင် တာဝန်ထမ်းဆောင်ခဲ့သည့် အမေရိကန်အဆင့်မြင့် အရာရှိ ၉ ဦးကို ပြည်ဝင်ခွင့်ပိတ်ပင်ခြင်း များအပါအဝင် များစွာသော တန်ပြန်အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ဝန်ကြီးဌာနက ဧပြီ ၁၆ ရက်တွင် ထည့်သွင်း ကြေညာခဲ့သည်။(Xinhua)

————————————————–
(English Version)

Russia asks 10 expelled U.S. diplomats to leave in month

MOSCOW, April 21 (Xinhua) — The Russian Foreign Ministry on Wednesday informed the U.S. Embassy in Moscow that 10 of its staffers must leave the country by the end of May 21 in tit-for-tat retaliation.

The ministry said in a statement that it summoned deputy chief of the U.S. mission Bartle Gorman and gave him a note declaring these people “persona non grata.”
The ministry called the decision a mirror-like response to the “unreasonable” expulsion of staffers at the Russian Embassy in Washington and the Russian Consulate General in New York.

The ministry vowed to take further steps in the near future, as announced on April 16, in response to a recent series of “illegal” U.S. sanctions against Russia.
The ministry on Friday announced a package of countermeasures, including the expulsion of 10 U.S. diplomats and an entry ban on eight incumbent and former American high-ranking officials.The U.S. flag waves in the wind at the U.S. Embassy in Moscow, Russia, on April 16, 2021. (Xinhua/Evgeny Sinitsyn)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.