Connect with us

Europe

ဆီးရီးယားနိုင်ငံအတွင်းရှိ အစွန်းရောက်အဖွဲ့၏အခြေစိုက်စခန်းအား ရုရှားစစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

- ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ရှိ မြင်ကွင်းတစ်နေရာအား ၂၀၂၀ ပြည့်နှစ် မတ်လ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ ပါးလ်မိုင်ယာမြို့အနီးရှိ အစွန်းရောက်အဖွဲ့တစ်ဖွဲ့၏ အခြေစိုက်စခန်းတစ်ခုကို ရုရှားလေတပ်က ပြီးခဲ့သည့်ရက်တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး လက်နက်ကိုင် (၂၀၀)ခန့် ရှင်းလင်းခဲ့ကြောင်း ဆီးရီးယားပဋိပက္ခညှိနှိုင်းမှုဆိုင်ရာ ရုရှားစင်တာက ဧပြီ ၁၉ ရက် ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယင်းအစွန်းရောက်အဖွဲ့သည် ပါးလ်မိုင်ယာအရှေ့မြောက်ပိုင်း ဆီးရီးယားအစိုးရ ထိန်းချုပ်မှုမရှိသည့် နေရာတွင် စစ်အခြေစိုက်စခန်းတည်ဆောက်‌၍ ဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်လျက်ရှိရာ လက်နက်ကိုင်များကို သင်တန်းပေးပြီး အကြမ်းတိုက်ခိုက်မှုများပြုလုပ်ရန် ဒေသအသီးသီးကို စေလွှတ်လျက်ရှိသည်ဟု ရုရှားဘက်မှသိရကြောင်း၊ ယင်းအစွန်းရောက်အဖွဲ့သည် ဆီးရီးယား သမ္မတရွေးကောက်ပွဲကာလတွင် အခြေအနေများ ရှုပ်ထွေးစေရန် မြို့များရှိ အစိုးရအဆောက်အဦများကို အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်လျက်ရှိကြောင်း ၎င်း၏ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းအဖွဲ့၏ တည်နေရာကို အတည်ပြုပြီးနောက် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ လက်နက်ကိုင် (၂၀၀)ခန့် နှင့် စက်သေနတ်တပ်ဆင်ထားသည့် ပစ်ကပ်ကား (၂၄)စီး၊ ခဲယမ်းမီးကျောက် (၅၀၀)ကီလိုဂရမ်နှင့် ဖောက်ခွဲရေးပစ္စည်း ထုတ်လုပ်သည့်ပစ္စည်းများကို ရှင်းလင်းခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

မည်သည့် အစွန်းရောက်အဖွဲ့အစည်းကို လေကြောင်းတိုက်ခိုက်ခြင်း ဖြစ်သည်ကို ကြေညာချက်တွင် ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။

ဆီးရီယား သမ္မတ ရွေးကောက်ပွဲကို မေ ၂၆ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ပြည်ပရောက်ပြည်သူ့ဆန္ဒမဲကောက်ခံမှုကို မေ ၂၀ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ယင်းနိုင်ငံ လွှတ်တော်က ဧပြီ ၁၈ ရက်တွင် ကြေညာခဲ့သည်။

၂၀၁၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ဆီးရီးယားအစိုးရ၏ အကူအညီတောင်းခံမှုကြောင့် ရုရှားသည် ဆီးရီးယားနယ်နိမိတ်အတွင်း အကြမ်းဖက်အစွန်းရောက်ဝါဒီအင်အားစုကို စစ်ရေးအရ စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)
#Russia, #Syria, #air_attack,#Xinhua, #ရုရှား, #ဆီးရီးယား,#လေကြောင်းတိုက်ခိုက်မှု, #ဆင်ဟွာ

——————————————-
(Chinese Version)

(国际)俄军空袭叙利亚境内一极端组织基地

 新华社莫斯科4月19日电俄罗斯驻叙利亚冲突各方调解中心19日晚发表声明说,俄空天军日前空袭叙利亚境内巴尔米拉附近一个极端组织基地,消灭约200名武装人员。
  声明说,根据俄方获得的信息,极端组织在巴尔米拉东北部不受叙政府控制的地区建立基地,生产简易爆炸装置,组织培训武装人员并分派至叙各地实施恐怖袭击。这个极端组织正在策划针对叙多个城市政府机构的恐怖袭击,以在叙利亚总统选举前后制造混乱。
  声明说,在通过多渠道确认极端组织的目标位置信息后,俄空天军对基地实施空袭,消灭约200名武装人员,并摧毁24辆装备大口径机关枪的皮卡、约500公斤弹药以及用于制造简易爆炸装置的部件。
  声明没有具体说明空袭时间以及针对哪个极端组织。
叙利亚议会18日宣布,叙境内总统选举投票定于5月26日举行,境外公民投票将于5月20日先期进行。
  2015年9月30日,应叙政府请求,俄罗斯开始对叙境内恐怖主义、极端主义势力进行军事打击。(完)

新华社照片,阿勒颇(叙利亚),2020年3月14日
(国际•图文互动)(6)通讯:“我的心在流泪”——叙利亚危机9周年重回阿勒颇
3月11日,在叙利亚阿勒颇,乌姆努尔站在自己的出租车旁。
(配本社同题文字稿)
新华社发(胡马姆•谢赫•阿里 摄)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.