Europe
ရုရှားတွင် ရဟတ်ယာဉ်ပျက်ကျမှုကြောင့် လူ ၆ဦးသေဆုံး

ဗလာဒီဗိုစတော့ခ်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ အရှေ့စွန်းပိုင်း ရှိ Khabarovsk မြို့ တွင် Mi-8 ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ရာ လူ ၆ဦးသေဆုံးကြောင်း ရုရှားနိုင်ငံ အရေးပေါ်အခြေအနေများဆိုင်ရာ ဝန်ကြီးဌာနက ဧပြီ ၁၁ ရက်တွင်ပြောကြားခဲ့သည်။
ရဟတ်ယာဉ်ပျက်ကျမှုသည် ဒေသစံတော်ချိန် နံနက် ၁၁း၃၀နာရီတွင်ဖြစ်ပွားခဲ့ပြီး မြေပြင်ပေါ်သို့ အရှိန်ဖြင့် ဆင်းသက်ခဲ့ကြောင်း သိရသည်။
ကနဦးရရှိသည့် သတင်းအချက်အလက်များအရ ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါလာသော လူ ၆ဦးစလုံး သေဆုံးခဲ့ကြောင်း သိရသည်။
ရဟတ်ယာဉ်ပျက်ကျရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)