Connect with us

Europe

ရုရှားနိုင်ငံက ပဉ္စမမြောက် ရွှေတုံးပိုင်ဆိုင်မှုအများဆုံးနိုင်ငံ ဖြစ်လာ

ရွှေတုံးများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မော်စကို၊ မတ် ၁ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ ဗဟိုဘဏ် (CBR) သည် လွန်ခဲ့သည့်လက ရွှေတုံးပိုင်ဆိုင်မှု ၂၀ မက်ထရစ်တန်မှ ၁၈၅၇ တန်အထိ တိုးမြှင့်ပိုင်ဆိုင်လာသည့်အတွက် ပဉ္စမမြောက် ရွှေတုံးပိုင်ဆိုင်မှုအများဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။

ရုရှားနိုင်ငံသည် ၂၀၁၅ ခုနှစ် မတ်လမှစ၍ ရွှေတုံးပိုင်ဆိုင်မှု မြင့်တက်လာခဲ့သည်။ Russia Today (RT) သတင်းချန်နယ်၏ ဖော်ပြချက်အရ ရုရှားနိုင်ငံ၏ ပထဝီနိုင်ငံရေး အန္တရာယ်ထိခိုက်လွယ်သော အခြေအနေကို လျှော့ချရန် သမ္မတ ဗလာဒီမာပူတင်က ရွှေတုံးစုဆောင်းမှု လုပ်ဆောင်ခဲ့ပြီးနောက် နိုင်ငံ၏ အရန်ရွှေသီးသန့်ထားရှိမှု မြင့်တက်လာခဲ့သည်။

ကမ္ဘာပေါ်တွင် ရွှေတုံးပိုင်ဆိုင်မှု အများဆုံးမှာ အမေရိကန်နိုင်ငံဖြစ်ပြီး ၈,၁၃၄ တန်ရှိကာ Fort Knox တွင် ထားရှိသည်။ ရွှေတုံးပိုင်ဆိုင်မှု ဒုတိယအများဆုံးနိုင်ငံမှာ ဂျာမနီနိုင်ငံ ဖြစ်ပြီး ၃၃၇၄ တန်ရှိကြောင်း သိရသည်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေ (International Monetary Fund) က ရွှေတုံးတန်ချိန် ၂၈၁၄ ပိုင်ဆိုင်ကာ တတိယအများဆုံး ဖြစ်ပြီး ပြင်သစ်နိုင်ငံက စတုတ္ထအများဆုံး ရွှေတုံးပိုင်ဆိုင်သူအဖြစ် အသီးသီး ရပ်တည်နေသည်။

ထို့ပြင် ရုရှားနိုင်ငံသည် တတိယအကြီးဆုံး ရွှေထုတ်လုပ်သည့် နိုင်ငံလည်း ဖြစ်သည်။ နိုင်ငံအတွင်းရှိ ရွှေသတ္တုတွင်း သုံးပုံနှစ်ပုံအား အစိုးရက ဝယ်ယူထားခဲ့ပြီး ပထဝီနိုင်ငံရေး မတည်မငြိမ်ဖြစ်ချိန်၌ ရွှေတုံးက ဘေးကင်းစိတ်ချရဆုံး ဖြစ်သည်ဟု အစိုးရက ရှုမြင်ကြောင်း RT သတင်းချန်နယ်က ရေးသားထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.