Connect with us

Europe

ယူကရိန်းပါလီမန် အနီးတွင် ရဲတပ်ဖွဲ့ဝင်များ နှင့် ဆန္ဒပြသူများအကြား ပဋိပက္ခများဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင် ၁၁ဦး ဒဏ်ရာရရှိ

ယူကရိန်းပါလီမန် အနီးတွင် ရဲတပ်ဖွဲ့ဝင်များ နှင့် ဆန္ဒပြသူများအကြား ပဋိပက္ခများဖြစ်ပွားစဉ် (ဆင်ဟွာ)

ကီးအက်ဗ်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ ပါလီမန်အနီးတွင် ဖေဖော်ဝါရီ ၂၇ ရက် က ရဲတပ်ဖွဲ့ဝင်များ နှင့် ဆန္ဒပြသူများအကြား ပဋိပက္ခများဖြစ်ပွားရာ အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

တက်ကြွလှုပ်ရှားသူအုပ်စုတစ်စု သည် ပါလီမန်အဆောက်အအုံ အပြင်ဘက်ရှိ ရင်ပြင်သို့ ကားတာယာများ ယူဆောင်လာပြီး မီးရှို့ရန်ကြိုးပမ်းရာမှ ပဋိပက္ခများဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာန၏ သတင်းထုတ်ပြန်ရေး ဋ္ဌာနက ထုတ်ပြန်ခဲ့သည်။

ရဲတပ်ဖွဲ့သည် ဆန္ဒပြသူများ မီးရှို့ခြင်းကို တားဆီးရန် ကြိုးစားခဲ့သော်လည်း ဆန္ဒပြသူများက ရဲတပ်ဖွဲ့ဝင်များအား ကျောက်တုံးများ၊ အရက်ပုလင်းများကို မီးရှို့၍ ပစ်ပေါက်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။

ပဋိပက္ခမှုများဖြစ်ပွားပြီးနောက် ဆန္ဒပြသူ ၉ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၇ရက် အစောပိုင်းတွင် ပါလီမန် အပြင်ဘက်၌ မတူညီသော အုပ်စုများမှ ဆန္ဒပြသူများ စုဝေးပြီး အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး တရားရုံးတစ်ခု ထွက်ပေါ်လာရေး ဥပဒေတစ်ရပ်ကို ဥပဒေပြုအမတ်များက လုပ်ဆောင်ပေးရန်၊ ဗဟိုဘဏ် ဥက္ကဋ္ဌသစ်အား ခန့်အပ်ရန် နှင့် စစ်မှုထမ်းများ၏ ပင်စင်လစာအား တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.