Connect with us

Europe

ရုရှားနိုင်ငံအရှေ့စွန်းပိုင်းတွင် အသည်းပုံ စိန်ရိုင်းတုံး အား တူးဖော်တွေ့ရှိ

ရုရှားနိုင်ငံ အရှေ့စွန်းပိုင်းတွင် တူးဖော်တွေ့ရှိခဲ့သော အသည်းပုံ စိန်ရိုင်းတုံးအားတွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ အရှေ့စွန်းပိုင်း Sakha ပြည်နယ် Udachnaya စိန်တွင်း ၌ အသည်းပုံ စိန်ရိုင်းတုံး တစ်တုံး တူးဖော်တွေ့ရှိခဲ့ကြောင်း ရုရှားနိုင်ငံထိပ်တန်းစိန်တူးဖော်ရေးကုမ္ပဏီ Alrosa က ဖေဖော်ဝါရီ ၁၄ ရက်တွင်ပြောကြားခဲ့သည်။

Alrosa ကုမ္ပဏီ၏ United Selling Organization မှ ဒါရိုက်တာ Yevgeny Agureyev က အချို့သောအရာဝတ္ထုများ (သို့) သင်္ကေတများ၏ ပုံသဏ္ဍာန်နှင့် တူသော စိန်တုံးများကို သဘာဝအလျှောက်တွေ့ရှိခြင်းသည် အလွန်ရှားပါးကြောင်း ထုတ်ပြန်ချက်၌ပြောကြားခဲ့သည်။၎င်းက အသည်းပုံ စိန်ရိုင်းတုံးအား ချစ်သူများနေ့ အကြို တွေ့ရှိခြင်းသည် ကုမ္ပဏီအတွက် သာမက ချစ်သူစုံတွဲများအားလုံးအတွက်ပါ သဘာဝတရားကပေးသော အမှတ်သင်္ကေတ လက်ဆောင်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

အရည်အသွေးကောင်းမွန်သည့် လက္ခဏာများရှိသည့် ယင်းစိန်တုံးသည် အလေးချိန် ၆၅.၇ကာရက် ရှိပြီး ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်အရ နှစ်သန်းပေါင်း ၃၀၀ကျော် သက်တမ်းရှိပြီဖြစ်ကြောင်း Alrosa ကပြောကြားခဲ့သည်။လက်ရှိတွင် ယင်းစိန်တုံးအား အသေးစိတ်စစ်ဆေးမှု နှင့် အကဲဖြတ်လေ့လာမှုများပြုလုပ်ရန် United Selling Organization ၌ ထားရှိထားကြောင်း သိရသည်။၂၀၁၈ခုနှစ်တွင်လည်း Alrosa ကုမ္ပဏီ သည် ဘောလုံးပုံ နှင့် အရိုးခေါင်းပုံသဏ္ဍာန်ရှိသော စိန်ရိုင်းတုံးများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.