Connect with us

Europe

IS စစ်သွေးကြွအုပ်စုအား ငွေကြေးထောက်ပံ့နေသည့် အမျိုးသမီးတစ်ဦးအား ရုရှား ဖမ်းဆီးထိန်းသိမ်း

ရုရှားနိုင်ငံတွင် IS စစ်သွေးကြွအုပ်စုအား ငွေကြေးထောက်ပံ့နေသည့် အမျိုးသမီးအားတွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

IS စစ်သွေးကြွအုပ်စုအား ငွေကြေးထောက်ပံ့နေသည့် အမျိုးသမီးတစ်ဦးအား ရုရှားအရာရှိများက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရုရှားနိုင်ငံ စုံစမ်းစစ်ဆေးရေးကော်မတီ နှင့် ဖယ်ဒရယ်လုံခြုံရေးအဖွဲ့ (FSB) က ဖေဖော်ဝါရီ ၁၅ရက်တွင်ပြောကြားခဲ့သည်။

အသက် ၃၂နှစ်အရွယ် ယင်း အမျိုးသမီးသည် ရုရှားနိုင်ငံ တောင်ပိုင်း Astrakhan ဒေသတွင် နေထိုင်သူတစ်ဦးဖြစ်ပြီး IS အုပ်စု၏ လျှို့ဝှက်အဖွဲ့ခွဲတစ်ခုအား ဖွဲ့စည်းတည်ထောင်သူများအနက် တစ်ဦးအဖြစ် စွပ်စွဲခံထားရကြောင်း ကော်မတီက ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။တရားခံသည် ၂၀၁၆ခုနှစ်ကတည်းက အနည်းဆုံး ရုရှားရူဘယ် တစ်သန်း (အမေရိကန်ဒေါ်လာ ၁၅,၀၀၀ဒေါ်လာခန့်) စုဆောင်းရရှိရန် စီမံခန့်ခွဲခဲ့ပြီး ယင်းငွေကြေးများကို ဘဏ်ကတ်များအတွင်းထည့်သွင်းကာ အသေးစိတ်အချက်အလက်များကို ရုရှားနိုင်ငံက ပိတ်ပင်ထားသည့် အစ္စလာမ်မစ်ရန်ပုံငွေအဖွဲ့မှ တည်ထောင်သူတစ်ဦးထံ Telegram channel မှ တစ်ဆင့် ပေးပို့ခဲ့ကြောင်း သိရသည်။

ကော်မတီက တရားခံသည် ငွေကြေးထောက်ပံ့သည့်ပုံစံဖြင့် အကြမ်းဖက်လုပ်ငန်းများကို ကူညီမှုဖြင့် ၎င်းအား တရားစွဲဆိုထားကြောင်း ပြောကြားခဲ့သည်။FSB က တရားခံသည် ၎င်း၏ Telegram channel မှ တစ်ဆင့် အစွန်းရောက်အသံဖိုင်များ နှင့် ဗွီဒီယိုများကို ဖြန့်ဖြူးမှုများပြုလုပ်ခဲ့ပြီး ဆီးရီးယားနိုင်ငံသို့ ထွက်ခွာကာ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ပြုလုပ်ရန်လည်းစီစဉ်ထားကြောင်း သီးခြားထုတ်ပြန်ချက်တစ်ခု၌ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.