Connect with us

Europe

လန်ဒန်မြို့လယ်တွင် အက်ဆစ်ဖြင့်ပက်ခံရမှုကြောင့် အမျိုးသားနှစ်ဦး မျက်နှာထိခိုက်ဒဏ်ရာရ

လန်ဒန်ရှိ King’s Cross ဘူတာရုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လန်ဒန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

လန်ဒန်မြို့တွင် ေဖေဖော်ဝါရီလ ၁၂ ရက် နေ့လယ်ပိုင်းက လမ်းမပေါ်၌ ဖြစ်ပွားသည့် ရန်ပွဲတစ်ခုအတွင်း အက်ဆစ်ဖြင့်ပက်ခံရခြင်းကြောင့် အမျိုးသား နှစ်ဦး မျက်နှာထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် King’s Cross ဘူတာရုံအနီး Argyle Square သို့ အရေးပေါ်အဖွဲ့ဝင်များ ချက်ချင်းရောက်ရှိလာခဲ့ကြသည်။

တိုက်ခိုက်မှု၌ ပါဝင်သူများအားလုံး အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးသွားခဲ့ကြသော်လည်း ဒဏ်ရာရသူများအား အနီးဝန်းကျင်တွင် တွေ့ရှိခဲ့သည်။

Bloomsbury ခရိုင်ရှိ Argyle Square တွင် ယောကျ်ားလေးအဖွဲ့နှစ်ဖွဲ့အကြား အပြန်အလှန်အငြင်းပွားမှု ဖြစ်ပွားကြောင်း ဖေဖော်ဝါရီလ ၁၂ ရက် ဒေသစံတော်ချိန် ၁၃း၃၃ နာရီတွင် ရဲတပ်ဖွဲ့က သတင်းရရှိခဲ့ကြောင်း မြေအောက်ရထားရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

“ဒဏ်ရာရသူတွေကို အနီးဝန်းကျင်က ဆေးရုံကို ပို့ခဲ့ပါတယ်။ သူတို့ရဲ့နောက်ဆုံး အခြေအနေကို ကျွန်မတို့ စောင့်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

King’s Cross ဘူတာသည် ဗြိတိန်နိုင်ငံတွင် လူအသွားအလာအများဆုံးတစ်နေရာဖြစ်ပြီး လန်ဒန်မြို့လယ်ရှိ Camden ခရိုင် London Borough နယ်မြေတွင် တည်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.