Connect with us

Europe

ရုရှားနိုင်ငံ တောင်ပိုင်းတွင် စစ်ရဟတ်ယာဉ် ပျက်ကျမှုကြောင့် နှစ်ဦးသေဆုံး

Mi-28 တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စင်းအား တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ တောင်ပိုင်း Kransnodar ဒေသတွင် ဒီဇင်ဘာ ၁၁ ရက်ညက Mi-28 တိုက်ခိုက်ရေးရဟတ်ယာဉ် တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်မှူးနှစ်ဦးစလုံး သေဆုံးသွားခဲ့ကြောင်း ရုရှား စစ်ဦးစီးချုပ်ရုံး စုံစမ်းစစ်ဆေးရေးကော်မတီက ဒီဇင်ဘာ ၁၂ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ စစ်ရဟတ်ယာဉ်သည် ညပိုင်း လေ့ကျင့်ပျံသန်းရေး ပြုလုပ်နေသည့် လေယာဉ်တစ်စင်းဖြစ်ပြီး ရေဒါမျက်နှာပြင်မှ ပျောက်သွားချိန်တွင် ရာသီဥတုအခြေအနေ ဆိုးဝါးနေခဲ့ကြောင်း ယင်းဌာနမှ ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။

ပျက်စီးသွားသော ရဟတ်ယာဉ် အပိုင်းအစများနှင့်အတူ လေယာဉ်မှူးနှစ်ဦး၏ ရုပ်အလောင်းများကို Kransnodar ဒေသ Korenovsk လေယာဉ်ကွင်းအနီး၌ ကယ်ဆယ်ရေးသမားများ တွေ့ရှိခဲ့ကြသည်။

ယင်းလေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ လေကြောင်းပျံသန်းရေးစည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သည့် ပြစ်မှုတစ်ခု ကျူးလွန်ခဲ့ကြောင်း အမှုဖွင့်ထားပြီး စစ်ဘက်ဆိုင်ရာ စုံစမ်းစစ်ဆေးသူများကလည်း ဖြစ်စဉ်အခြေအနေအားလုံးအပေါ် စစ်ဆေးသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.