Connect with us

Europe

ပထမ အကြိမ် ရုရှား-လာအို ပူးတွဲ စစ်ရေး လေ့ကျင့်မှု လာအို နိုင်ငံ၌ စတင် ပြုလုပ်

လာအို နိုင်ငံ၌ ပြုလုပ်သော ရုရှား-လာအို ပူးတွဲ စစ်ရေး လေ့ကျင့်မှုအား တွေ့ရစဉ်(ဓာတ်ပုံ - Russian Defense Ministry)

မော်စကို ၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ)

ပထမ အကြိမ် ရုရှား-လာအို ပူးတွဲ စစ်ရေး လေ့ကျင့်မှု လာအို ၂၀၁၉ အား လာအိုနိုင်ငံ ဘန်ပင်း လေ့ကျင့်ရေး ကွင်း၌ ဒီဇင်ဘာ ၁၀ ရက်တွင် ပြုလုပ်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

စစ်ရေး လေ့ကျင့်မှုကို ဒီဇင်ဘာ ၁၉ ရက်အထိ ကျင်းပသွားမည် ဖြစ်ပြီး နှစ်နိုင်ငံမှ တပ်ဖွဲ့ဝင် ၅၀၀ကျော် ပါဝင်ကြောင်းသိရသည်။

အဆိုပါ ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွင် ရုရှား နိုင်ငံက တင့်ကား တပ်ခွဲ တစ်ခွဲ နှင့် တိုက်ခိုက်ရေး အထောက်အကူပြု အဖွဲ့များ ပါဝင်ပြီး လာအိုနိုင်ငံက တင့်ကား ၊ ထောက်လှမ်းရေး နှင့် အင်ဂျင်နီယာ တပ်ဖွဲ့များ အပြင် အချက်ပြ နှင့် ဓာတုဗေဒ ဆိုင်ရာ တပ်စု တစ်စု ပါဝင်ကြောင်း သိရသည်။

စစ်ရေးလေ့ကျင့်မှုအား အဆင့်သုံးဆင့်ဖြင့် ပြုလုပ်သွားရန် စီစဉ်ထားပြီး တင့်ကား အဖွဲ့များသည် လေ့ကျင့်မှုများ အတွင်း ပစ်ခတ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေ့ကျင့်မှုသည် ရုရှား နှင့် လာအို နိုင်ငံတို့ အကြား အပြည်ပြည် ဆိုင်ရာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အပါအဝင် စစ်ရေး နှင့် စစ်ဘက် ဆိုင်ရာ နည်းပညာ ပူးပေါင်း ဆောင်ရွက်မှု ချဲ့ထွင်ရန် အထောက်အကူ ပြုလိမ့်မည် ဖြစ်ကြောင်း ဝန်ကြီးဌာနထံမှ သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.