Europe
ရုရှားနိုင်ငံ အရှေ့ပိုင်း ကန်ချက်ကာကျွန်းဆွယ် တွင် အင်အား ၆.၇ ရှိ အင်အားပြင်းငလျင် လှုပ်ခတ်
ဗလာဒီဗိုစတော့ခ်၊ မတ် ၂၉ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ အရှေ့ပိုင်း ကန်ချက်ကာကျွန်းဆွယ် တွင် မော်စကိုစံတော်ချိန် မတ်လ ၂၉ရက် နံနက် ရး၀၉နာရီ၌ ရစ်ချ်တာစကေး ၆.၇ရှိသည့် အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း ရုရှားနိုင်ငံ အကယ်ဒမီသိပ္ပံ၏ ဘူမိဗေဒဆိုင်ရာ ကန်ချက်ကာဋ္ဌာနခွဲ က မတ်လ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ကန်ချက်ကာကမ်းရိုးတန်းအလွန် ပစိဖိတ်သမုဒ္ဒရာ၌ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ကြောင်း နှင့် Ust-Kamchatsk ကျေးလက်ဒေသမှ ၈၅ကီလိုမီတာအကွာကို ဗဟိုပြု၍လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံ အကယ်ဒမီသိပ္ပံ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ငလျင်ကြောင့် သေဆုံးသူနှင့် ထိခိုက်ပျက်စီးမှု ရှိ မရှိ မသိရှိရသေးကြောင်း သိရသည်။ (Xinhua)