Connect with us

Europe

အိုင်ယာလန်ဆိပ်ကမ်းတွင် ကုန်သေတ္တာတင်ကားဖြင့် ခိုးဝင်လာသူ ၁၄ဦးအား ရှာဖွေတွေ့ရှိ

အိုင်ယာလန်နိုင်ငံ Rosslare ဆိပ်ကမ်းအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဒပ်ဘလင်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

အိုင်ယာလန်နိုင်ငံ Rosslare ဆိပ်ကမ်းတွင် ဧပြီ ၂ ရက် နေ့လည်ပိုင်း က ပြင်သစ်နိုင်ငံမှ ဆိုက်ရောက်လာသည့် အိုင်ယာလန် ဖယ်ရီသင်္ဘောတစ်စီးပေါ်တွင် ပါရှိလာသော အအေးခန်းကုန်သေတ္တာတင်ကားတစ်စီးအတွင်း၌ ပုန်းခိုလိုက်လာပါလာသော နိုင်ငံခြားသား ၁၄ဦးအား တွေ့ရှိခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးအရာရှိများက ပြောကြားခဲ့သည်။

Oscar Wilde ဖယ်ရီသင်္ဘော ဆိပ်ကမ်းသို့ရောက်ရှိခဲ့သည့် ဒေသစံတော်ချိန် မွန်းလွဲ ၂နာရီတွင် ကုန်ကားအတွင်း ပုန်းခိုလိုက်ပါလာသော အမျိုးသား ၁၂ဦး နှင့် အမျိုးသမီး ၂ဦးပါဝင်သည့် နိုင်ငံခြားသား ၁၄ဦး ကို လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များက ရှာတွေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကုန်သေတ္တာကားပေါ်တွင် သစ်သီးများအပြည့်တင်ဆောင်လာကြောင်း သိရသည်။ကုန်ကားအတွင်း လိုက်ပါလာသူ တစ်ဦးမှ လွဲ၍ ကျန် လူအားလုံး အခြေအနေကောင်းမွန်ပြီး ၎င်းအား ဆေးစစ်မှုများပြုလုပ်ရန် ဒေသတွင်းဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။ ပုန်းခိုလိုက်ပါလာသူများသည် အာဖဂန်နစ္စတန်နိုင်ငံ၊ အီရန်နိုင်ငံများမှ ဟု ခန့်မှန်းရပြီး ၎င်းတို့အနက် အရေအတွက် အနည်းငယ်မှာ ကာ့ဒ်-အီရန် အနွယ်များဖြစ်ကြောင်း သိရသည်။

ဖယ်ရီသင်္ဘောသည် ပြင်သစ်နိုင်ငံ Cherbourg ဆိပ်ကမ်းမှ ဧပြီ ၁ရက် ညဘက်တွင် ထွက်ခွာလာပြီး အိုင်ယာလန်နိုင်ငံ အရှေ့တောင်ပိုင်း Wexford စီရင်စု ရှိ Rosslare ဆိပ်ကမ်းကို ရောက်ရှိရန် ၁၆နာရီမောင်းနှင်လာကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးအရာရှိများက ပုန်းခိုလိုက်ပါလာသူအားလုံးကို ရွှေ့ပြောင်းဒုက္ခသည်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117