Europe
ရုရှား နိုင်ငံ ဆိုက်ဘေးရီးယား ဒေသတွင် ခရီးသည် တင်ကား နှင့် ကုန်ကား တိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၆ ဦး သေဆုံး

Vladivostok ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)
ရုရှား နိုင်ငံ ဆိုက်ဘေးရီးယား ဒေသ Kemerovo ပြည်နယ် အတွင်း ဖေဖော်ဝါရီ ၂၃ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ခရီးသည် တင်ကား နှင့် ကုန်ကား တိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၆ ဦး သေဆုံး ခဲ့ပြီး ၉ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
ယာဉ်တိုက်မှု ဖြစ်ပွား ခဲ့သည့် ခရီးသည် တင်ကား တွင် လူပေါင်း ၅၂ ဦး လိုက်ပါ ခဲ့ပြီး ကနဦး စစ်ဆေးချက်များအရ ခရီးသည်တင်ကား သည် မောင်းနှင်နေစဉ် အတွင်း လမ်းချော်ခဲ့ရာ မျက်နှာချင်းဆိုင် က ကုန်တင်ကား နှင့် တိုက်မိ ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် Kemerovo ပြည်နယ် ပြည်ထဲရေး ဝန်ကြီးဌာန က ဒေသတွင်း ရဲတပ်ဖွဲ့ နှင့် ပူးပေါင်း၍ အခင်းဖြစ်ပွားရသည့် အကြောင်းရင်း နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။(Xinhua)