Connect with us

Europe

ဗြိတိန် နိုင်ငံ တက္ကသိုလ် ဆရာ/ဆရာမ များက အလုပ်မဆင်းဘဲ ဆန္ဒပြ ခဲ့ရာ ကျောင်းသားပေါင်း သန်းနှင့်ချီ၍ ထိခိုက်ခဲ့ရ

ဗြိတိန် နိုင်ငံ တက္ကသိုလ် ဆရာ/ဆရာမ များက အလုပ်မဆင်းဘဲ ဆန္ဒပြ နေသည် ကို မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

လန်ဒန် ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

ဗြိတိန် နိုင်ငံ Oxford နှင့် Cambridge တက္ကသိုလ် အပါအဝင် ဗြိတိန် နိုင်ငံ ရှိ တက္ကသိုလ် ပေါင်း ၆၀ ကျော် မှ ဆရာ/ဆရာမ များက ဖေဖော်ဝါရီ ၂၂ ရက်နေ့ မှ စတင်၍ အလုပ်မဆင်းဘဲ ဆန္ဒပြ ခဲ့ရာ ကျောင်းသားပေါင်း သန်းနှင့်ချီ၍ ထိခိုက်မည် ဖြစ်ကြောင်း သိရှိရသည်။

King’s College London မှ ကျောင်းသား တစ်ဦး က ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ခဲ့ရာတွင် ဆရာများ ဆန္ဒပြမှုကြောင့် ယခု စာသင်နှစ် တွင် အတန်းတက်ချိန် ၁၀ ပတ် သတ်မှတ်ထားသော်လည်း သုံးပုံတစ်ပုံ ခန့်မှာ ဖျက်သိမ်း နိုင်ခြေရှိကြောင်း ၊ ကျောင်းအနေဖြင့်လည်း အစားထိုးဖြည့်စွက်ခြင်း သို့မဟုတ် လဲလှယ်ခြင်း မျိုး ဆောင်ရွက်ပေးနိုင်ခြေ မရှိသောကြောင့် ကျောင်းသားများ သင်ကြားမှုအပေါ် များစွာ ထိခိုက်မှု ရှိနိုင်ကြောင်း ပြောကြား ခဲ့သည်။

လက်ရှိချိန်တွင် တက္ကသိုလ် များမှ ကျောင်းသား အချို့က စုပေါင်း လက်မှတ်ရေးထိုးကာ တက္ကသိုလ် မှ ဆရာများ ဆန္ဒပြမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ဆုံးရှုံးမှု အတွက် ကျောင်းသားများအား လျော်ကြေးပေးရန် တောင်းဆိုခဲ့ကြပြီး တက္ကသိုလ် အနေဖြင့် ကျောင်းသားများအား တစ်ဦးလျှင် လျော်ကြေး ပေါင် ၃၀၀ ပေးရန် တောင်းဆိုခဲ့ကြသည်။

ဗြိတိန် နိုင်ငံ တွင် တက္ကသိုလ် ဆရာ/ဆရာမ များ၏ ပင်စင်လစာ နှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှု များရှိခဲ့ပြီး ပင်စင် ရန်ပုံငွေ အား စီမံဆောင်ရွက်မှုတွင်လည်း အရှုံးပေါ်လာခဲ့သည်။ ထို့ကြောင့် ယခင် က ပုံသေ သတ်မှတ်ပြီး လစဉ် ပင်စင်လစာ ကို ထုတ်ပေး ခဲ့သော်လည်း ယခုချိန်တွင် ပင်စင်ငွေများအား ရှယ်ယာဈေးကွက် အတွင်း ထည့်သွင်းကာ အမြတ်ငွေပေါ် မူတည်၍ ခွဲဝေပေးရန် ပြောင်းလဲ သတ်မှတ် လိုက်သောကြောင့် ယခုကဲ့သို့ ဆန္ဒပြမှု ဖြစ်ပွား ခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.