Connect with us

Europe

လန်ဒန်မြို့၌ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုကို အကြမ်းဖက်မှုဟု ရဲတပ်ဖွဲ့ပြော

လန်ဒန် ၊ ဇွန် ၄ ရက် (ဆင်ဟွာ)

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ Borough ဈေး နေရာအနီး နှင့် လူသွားလူလာများသည့် လန်ဒန်တံတားပေါ်၌ ဇွန်လ ၃ ရက် ညပိုင်းတွင် အမည်မသိလူတစ်ဦးက လူအုပ်ထဲသို့ဘန်ကားတစ်စီးဖြစ် ဝင်တိုက်ခဲ့ကြောင်း နှင့် ယင်းတိုက်ခိုက်မှုမှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်း ဗြိတိန်အာဏာပိုင်များက ပြောကြားလိုက်သည်။

“ ဇွန် ၄ ရက် ဒေသစံတော်ချိန် နံနက် ၀၀.၂၅ နာရီခန့်မှာ လန်ဒန်တံတား နဲ့Borough ဈေးအနားမှာ အကြမ်းဖက်မှုဖြစ်ပွားခဲ့တာပါ” ဟု ရဲတပ်ဖွဲ့၏ တရားဝင်တွစ်တာလူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဇွန်လ ၄ ရက်က ရေးသားဖော်ပြထားသည်။သေဆုံးမှုအခြေအနေကို ရှင်းရှင်းလင်းလင်းမသိရသေးပေ။သို့သော် လန်ဒန်အရေးပေါ်လူနာတင်ယာဉ်ဝန်ဆောင်မှုက အကြမ်းဖက်မှုဖြစ်ပွားစဉ် လန်ဒန်တံတားပေါ်ဖြတ်သန်းသွားလာသူ အနည်းဆုံး ၂ဝ ဦးခန့်ရှိကြောင်း နှင့် ၇ ဦးမှာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း Sun နေ့စဉ်သတင်းစာက ရေးသားခဲ့သည်။

လူအုပ်ကြီးထဲသို့ကားကို မောင်းသွင်းစဉ် အနည်းဆုံး လူတစ်ဦး သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ BBC သတင်းက ဖော်ပြခဲ့သည်။ ဗြိတိန်ပို့ဆောင်ရေးရဲတပ်ဖွဲ့က ပြောကြားရာတွင် သေဆုံးသူ တစ်ဦး ရှိကြောင်း ၊ ဘန်ကားဖြင့်ဝင်တိုက်ခြင်း နှင့် ဓားဖြင့်ခုတ်ခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

ဒုတိယဖြစ်စဉ်နှင့်ပတ်သက်၍ မျက်မြင်သက်သေများက ပြောကြားရာတွင် အကြမ်းဖက်သမားသည် ဘန်ကားပေါ်မှ ဆင်း၍ လန်ဒန်တံတားပေါ်တွင် လူအုပ်ကြီးအား ဓားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။၁၅ မိနစ်ကြာပြီးနောက် လန်ဒန်တံတားတောင်ဘက်ရှိ Vauxhall နှင့် Borough ဈေးဝယ်နေရာအနီးတွင် ဒုတိယ နှင့် တတိယမြောက် တိုက်ခိုက်မှုများ ထပ်မံ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ သို့သော် တတိယမြောက်တိုက်ခိုက်မှုသည် ရှေ့တွင်ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုနှစ်ခု နှင့် ဆက်စပ်မှုမရှိကြောင် ရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.