Connect with us

Europe

ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့အစည်း တာဝန်များ အောင်မြင်စွာ ဆောင်ရွက်ရန် အီးယူအား တရုတ် ဝန်ကြီးချုပ် တိုက်တွန်း

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် (လယ်) ၊ ဥရောပကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ်တက်စ် (ညာစွန်) နှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ ဂျိန်း-ကလော်ဒီ ဂျန်ကာတို့အား ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဇွန် ၃ ရက် (ဆင်ဟွာ)

ကမ္ဘာ့ ကုန်သွယ်မှု အဖွဲ့အစည်း (WTO) စနစ်အောက်တွင် တာဝန်များအား အပြည့်အဝ အကောင်အထည်ဖော် လုပ်ဆောင်ရန် ဥရောပသမဂ္ဂ (EU) အား တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က ဇွန်လ ၂ ရက်တွင် တိုက်တွန်း ပြောကြားလိုက်သည်။

အီးယူအနေဖြင့် ကမ္ဘာ့ ကုန်သွယ်မှု အဖွဲ့အစည်းတွင် တရုတ်နိုင်ငံဆိုင်ရာ ဖြည့်စွက်ချက် လုပ်ထုံးလုပ်နည်း အပိုဒ်ခွဲ ၁၅ (Article 15) အောက်ရှိ တာဝန်များအား အပြည့်အဝ အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ ဒါကြောင့် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများအား လေးစား လိုက်နာသင့်သည်ဟူ၍ ဥရောပကောင်စီတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ လီက ပြောသည်။

ဥရောပကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ်တက်စ်နှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ ဂျန်း-ကလောဒီ ဂျန်ကာတို့နှင့်အတူ ပူးတွဲ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တရုတ်နှင့် ဆက်စပ်သည့် ဥပဒေများအပေါ် စိစစ်တည်းဖြတ်နေကြောင်း အီးယူ၏ ပြောကြားချက်ကို လီက အထက်ပါအတိုင်း မှတ်ချက်ပြုခြင်း ဖြစ်သည်။

ထိုသို့ စိစစ်တည်းဖြတ်သည့် အဖွဲ့အနေဖြင့် ခွဲခြားမှုမရှိဘဲ WTO ၏ ဥပဒေများအတိုင်း လုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်း လီက အလေးထား ပြောကြားခဲ့သည်။

အပိုဒ်ခွဲ ၁၅ အရ WTO အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကိုယ်စားနိုင်ငံ တစ်ခုကို အသုံးပြု ချဉ်းကပ်ကာ တရုတ်နိုင်ငံ အပေါ် ဈေးနှိမ်ရောင်းချမှု ဆန့်ကျင် စစ်ဆေးခြင်းများ ပြုလုပ်ခြင်းကို၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်က ရပ်တန့်ခဲ့ပြီးဖြစ်သည်။

အီးယူ ခေါင်းဆောင်များနှင့် ပြုလုပ်ခဲ့သည့် တရုတ်-အီးယူ ခေါင်းဆောင်များ ၁၉ ကြိမ်မြောက် အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ၌ လီက အပိုဒ်ခွဲ ၁၅ က အဆုံးသတ်သွားပြီဖြစ်ကြောင်း၊ WTO တွင် တရုတ်နိုင်ငံဆိုင်ရာ ဖြည့်စွက်ချက် လုပ်ထုံးလုပ်နည်းအား အဖွဲ့ဝင်နိုင်ငံအားလုံးက လေးစား လိုက်နာသင့်ကြောင်း ပြောကြားခဲ့သည်။

ယင်းအချက်သည် နိုင်ငံတကာ တာဝန်များကြောင့် လုပ်ဆောင်ခြင်းသာမက နိုင်ငံတကာ ဥပဒေများအား လိုက်နာဖော်ဆောင်ခြင်း ဖြစ်သလို ဥပဒေကို အခြေခံထားသော နိုင်ငံတကာ ညွှန်ကြားမှုများအား လေးစားခြင်းလည်း ဖြစ်ကြောင်း လီက ဆိုပါသည်။

အီးယူ ခေါင်းဆောင်များဖြစ်သော တက်စ်နှင့် ဂျန်ကာကလည်း အစည်းအဝေး၌ အပိုဒ်ခွဲ ၁၅၊ ဘုံဆက်စပ်နေသည့် အခြား ကိစ္စရေးရာများနှင့် ပတ်သက်၍ အီယူနှင့် တရုတ်အကြား အကြိတ်အနယ် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ သဘောတူညီချက်များအား တိုးချဲ့ရန်နှင့် မတူညီမှုများအား နည်းနိုင်သမျှ နည်းစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်မှုများ ရင်ဆိုင်နေရသည့်အချိန်၌ အီးယူနှင့် တရုတ် အပါအဝင် ကမ္ဘာကြီး တစ်ခုလုံးနှင့် စပ်ဆိုင်သော ဘုံ အကျိုးစီးပွားများနှင့် လက်ရှိ နိုင်ငံတကာ နည်းစနစ် သဘောတူညီချက်များအား ထိန်းသိမ်းလုပ်ဆောင်သွားရမည် ဖြစ်ကြောင်း တက်စ်နှင့် ဂျန်ကာတို့က ပြောဆိုခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.