Europe
သြစတြီးယားနိုင်ငံတွင် ရထားတိုက်မှုကြောင့် လူ ၅၄ ဦး ဝန်းကျင် ဒဏ်ရာရ

ဗီယင်နာ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)
သြစတြီးယားနိုင်ငံ Salzburg မြို့ရှိ ဘူတာရုံကြီး၌ ဧပြီလ ၂၀ ရက်က ရထားတိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၅၄ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မတော်တဆမှု ဂျာမနီနိုင်ငံ နယ်စပ်အနီးရှိ အဆိုပါဘူတာရုံ၌ ဧပြီလ ၂၀ ရက် နံနက်ပိုင်းက ရထားတစ်စင်းအား အခြား ရထားတစ်စင်းက နောက်မှနေ၍ ဝင်တိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ လူပေါင်း ၅၄ ဦး ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့ကြောင်း ဒေသခံ မီဒီယာက သတင်းဖော်ပြခဲ့သည်။
တိုက်မိသည့် ရထား တစ်စင်းမှာ ညရထားဖြစ်ပြီး ခရီးသည်အများအပြား ပါရှိပြီး အခင်းဖြစ်ပွားစဉ်တွင် အိပ်ပျော်နေခဲ့ကြသည်။ အဆိုပါ ရထားများ တိုက်မိချိန်တွင် အရှိန်လျော့နည်းကြောင်း သိရသည်။ (Xinhua)