Connect with us

Europe

ဓနသဟာယနိုင်ငံများ၏ အကြီးအကဲအဖြစ် ဗြိတိန် မင်းသား ချားလ်စ်အား ရွေးချယ်

ဗြိတိန်နိုင်ငံ ချားလ်စ်မင်းသားအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လန်ဒန်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

အဖွဲ့ဝင်နိုင်ငံ ၅၃ နိုင်ငံပါဝင်သော အဖွဲ့အစည်း၏ အကြီးအကဲအဖြစ် ဗြိတိန်နိုင်ငံ ဝေးလ်စ်မင်းသား ချားလ်စ် (Charles) အား ဆက်ခံစေရန် ရွေးချယ်မည်ဖြစ်ကြောင်း ဓနသဟာယ ခေါင်းဆောင်များက သဘောတူခဲ့ကြောင်း သိရသည်။

အဆိုပါ ကြေညာချက်အား ဧပြီလ ၂၀ ရက်က ဝင်ဆာနန်းတော်၌ တံခါးပိတ်အစည်းအဝေး၌ ဆုံးဖြတ်ချက်ချပြီးနောက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ဗြိတိန် ဘုရင်မကြီးက ၎င်း၏ အဆိုပါ နေရာကို ချားလ်စ်မင်းသားအား ဆက်ခံစေလိုသည်မှာ “စစ်မှန်သော ဆန္ဒ” ဖြစ်ကြောင်း အစောပိုင်းက ပြောကြားခဲ့သည်။

ဓနသဟာယ အကြီးအကဲ၏ အခန်းကဏ္ဍသည် မျိုးရိုးအရ ဆက်ခံရခြင်း မဟုတ်ကြောင်း၊ ဘုရင်မကြီး နတ်ရွာစံပါက အလိုအလျောက်ရရှိခြင်း မဟုတ်ကြောင်း သိရသည်။

ဓနဿဟာယ ခေါင်းဆောင်များက ဓနသဟာယအသင်း စုစည်းခြင်းနှင့် အဖွဲ့ဝင် ပြည်သူများ ကြွယ်ဝချမ်းသာရေးအတွက် ဘုရင်မကြီး၏ အခန်းကဏ္ဍအား အမှတ်ရနေမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ထရီစာမေကလည်း ချားလ်စ်မင်းသားအား ကျောထောက်နောက်ခံပြုထားပေးမည် ဖြစ်ကြောင်း အစည်းအဝေးပြီးနောက် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.