Connect with us

Europe

အင်အားကြီး အနောက်နိုင်ငံများအနေဖြင့် မိမိတို့၏ ပြည်တွင်းရေးပြဿနာများကိုသာ အာရုံစိုက်ရန် ဘီလာရုစ်နိုင်ငံ သမ္မတ ပြော

ဘီလာရုစ်နိုင်ငံ မင့်စ်ခ်မြို့ရှိ မဲရုံတစ်ရုံတွင် ဆန္ဒမဲလာထည့်သော သမ္မတ Alexander Lukashenko အား တွေ့ရစဉ် (ဆင်ဟွာ)

မင့်စ်ခ်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)

ဘီလာရုစ်နိုင်ငံ သမ္မတ Alexander Lukashenko က အင်အားကြီး အနောက်နိုင်ငံများ၏ ခေါင်းဆောင်များအနေဖြင့် ဘီလာရုစ်ရှိ နိုင်ငံရေးအခြေအနေထက် မိမိတို့၏ ကိုယ်ပိုင်ပြဿနာများ အပေါ်တွင် သာ အာရုံစိုက် အလေးထားသင့်ကြောင်း ဩဂုတ် ၁၉ ရက်က ပြောကြားလိုက်သည်ကို နိုင်ငံပိုင်သတင်းအေဂျင်စီ BelTA က သတင်းဖော်ပြခဲ့သည်။

“သူတို့ဟာ ကိုယ့်နိုင်ငံထဲမှာပဲ ပြဿနာကြီးတွေ ရင်ဆိုင်နေရတာရှိတယ် ။ ပြင်သစ်၊ အမေရိကန်၊ ဂျာမနီနဲ့ အခြားနိုင်ငံတွေအနေနဲ့ ကိုယ့်နိုင်ငံထဲက ကိစ္စတွေကနေ အာရုံလွှဲဖို့အတွက် ဘီလာရုစ်နိုင်ငံဆီကို ဦးမတည်ပါနဲ့” ဟု ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြုလုပ်သော နိုင်ငံ၏ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် Lukashenko က ပြောကြားခဲ့သည်။ 

ကိစ္စရပ်များအားလုံးသည် သဘောတူညီထားပြီးသား ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ဘီလာရုစ်နိုင်ငံနှင့် ဆွေးနွေးနိုင်ကြောင်း ၊ သို့သော် ၎င်းတို့၏ အစီအစဉ်များကို ဦးစားပေးအဆင့် မထားသင့်ကြောင်း သမ္မတက ဖြည့်စွက်ပြောခဲ့သည်။ Lukashenko သည် ဩဂုတ် ၉ ရက် ရွေးကောက်ပွဲတွင် ခြောက်ကြိမ်မြောက် သမ္မတ သက်တမ်းအတွက် ထပ်မံ အနိုင်ရရှိခဲ့ပြီးနောက် ဘီလာရုစ်နိုင်ငံအတွင်း လူထုဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သလို အတိုက်အခံဘက်ကလည်း ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရန် ငြင်းဆိုလျက်ရှိကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.